Chp(8) My Dowry [ End ]

14K 1.7K 76
                                    

[Unicode]

   လီရှင်းဝူက စိတ်ကျေနပ်ပျော်ရွှင်မှုအပြည့်နဲ့ အိပ်ရာခင်းကို ဆွဲချွတ်ပြီး ထန်လီကို ကောက်ချီလိုက်လေတယ်။ သူ တစ်ဖက်လူကို ခပ်တင်းတင်းဖက်ထားရင်း အနမ်းပေးလိုက်တယ် "ကိုယ်တို့ ရှေ့ဆက်ကြအုံးမလား? "

   ထန်လီမှာ ကြောက်လန့်တကြားနဲ့ ငြင်းဆန်တော့တယ် "မဆက်ဘူး!"

   လီရှင်းဝူ စိတ်ပျက်သွားလေတယ် "ကောင်းပြီ‌လေ, မနက်ဖြန်မှ စစ်ဆေးမှုပြန်စကြမယ်လေ"

   ထန်လီ သူ့ကို ရိုက်ပစ်လိုက်လေတယ် "ငါ့ဖင်ကြီးကိုပဲ စစ်ဆေးလိုက်တော့!"

   လီရှင်းဝူကလည်း တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြခဲ့တယ် "ဒါပေါ့ စစ်ဆေးပေးမယ် "

  ထန်လီ စကားဆက်ပြောချင်စိတ်မရှိတော့ပေ။

   လီရှင်းဝူတစ်ယောက် ထန်လီရဲ့ပခုံးသားပေါ် မေးတင်ထားရင်း လည်တိုင်လေးပေါ်မှာ ခေါင်းနစ်ထားလေတယ်။ အဲ့နောက် သူ ပုံပျက်နေတဲ့ကြေးပြားစေ့လေးကို ယူရင်း "ဒါလေးက မြှားပစ်ခံရမယ့်ရန်ကနေ ကိုယ့်ကိုကာကွယ်ပေးခဲ့တာ"

   ထန်လီက ခွေးအကြီးကြီးကို ခေါင်းပုတ်ပေးနေရသလို လီရှင်းဝူရဲ့ ထူထဲထဲဆံသားများကို ပွတ်သပ်ပေးလိုက်တယ်။

    လီရှင်းဝူက ညင်သာစွာပြောခဲ့တယ် "မင်း ကိုယ့်ကိုပေးခဲ့တဲ့ ပစ္စည်းလေးလေ။ မင်းက ကိုယ့်ကို မသေစေချင်တော့ မင်းကိုရှာတွေ့ဖို့ အသက်ရှင်ရက် ပြန်လာနိုင်ခဲ့တာပေါ့။ "

    ထန်လီက သဘောတူကြောင်း အသံပြုလိုက်တယ်။

    လီရှင်းဝူ :: "ကိုယ် မင်းကိုတကယ်လွမ်းနေခဲ့တာ"

    ထန်လီလည်း စိတ်လှုပ်ရှားသွားရင်း "ငါလည်းပဲ မင်းကိုလွမ်းနေခဲ့တာ"

   လေထုက နွေးထွေးချိုမြိန်နေတော့တယ်။

   လီရှင်းဝူ မျက်နှာအမူအရာက တည်ကြည်လာရင်း "ကိုယ်က မင်းကိုနေ့တိုင်းခုန်အုပ်နိုင်ဖို့ တွေးနေမိတယ်, မင်း စိတ်လွတ်ပြီး သနားပေးဖို့ငိုယိုတောင်းပန်တဲ့ထိ လုပ်ပစ်ဖို့လည်း တွေးထားတယ်, ပြီးတော့ ကိုယ်တို့ရဲ့တစ်ကိုယ်လုံးကို ကိုယ့်ရဲ့......"

စစ်သူကြီးက အရမ်းဉာဏ်များတာပဲ {ဘာသာပြန်} [Completed]Where stories live. Discover now