[Unicode]
အထူးအဆန်းကိစ္စတွေလုပ်ဖို့ ဖိအားပေးခံရပေမဲ့လည်း ဒီလိုမျိုးအုပ်မိုးခံထားရတာကတော့ ထန်လီရဲ့မျှော်လင့်ချက်တွေ လုံးလုံးကြီးပျက်စီးသွားတော့တယ်။ သူ အားကုန်သုံးပြီး လီရှင်းဝူကိုအဝေးတွန်းထုတ်ပစ်တယ်, သူတို့နှစ်ယောက် ရုန်းကန်နေရင်းမှ တစ်ဖက်လူရဲ့အင်္ကျီကော်လံကို ဆွဲချွတ်မိသလိုဖြစ်သွားခဲ့တယ်။ တောင့်တင်းသန်မာတဲ့ကြွက်သားတွေနဲ့ လှပတဲ့ညှပ်ရိုးတွေရယ် သူ့ရင်ဘတ်ပေါ်မှာ တွဲလျောင်းကျနေတဲ့ ကြေးပြားစေ့ဆွဲကြိုးရယ်။
ကြေးပြားစေ့က အတော်လေးကို အိုဟောင်းနေပြီး အစက်အပြောက်တွေ စွန်းထင်းနေကာ တစ်ဝက်ကို ကြိုးနီလေးနဲ့ မြဲမြဲတွယ်ဆက်ထားတယ်။ ကြေးပြားစေ့က ၎င်းကိုပုံစံပြောင်းစေလောက်တဲ့ ကြီးမားတဲ့အရာတစ်ခုခုနဲ့ ပုံစံပြောင်းတဲ့ထိအဖိခံထားရပုံပင်။
ထန်လီ ထိုကြေးပြားစေ့ကိုကိုင်ကြည့်လိုက်ပြီး သူ့လက်လောင်ကျွမ်းသွားသလို ချက်ချင်းပြန်ရုပ်လိုက်လေတယ်။ "မင်း ဘာလို့ကြေးပြားစေ့ကိုဆွဲထားရတာလဲ?"
လီရှင်းဝူက ထိုဆွဲကြိုးကို အင်္ကျီအောက်ထဲတိတ်တဆိတ်ပြန်ထည့်လိုက်တယ် "ငါရှာတွေ့တာ"
ထန်လီက သူ့ရဲ့ကော်လံကို ထပ်မံဆွဲခွာပြီး ကြေးပြားစေ့ကို ထပ်စစ်ဆေးပြန်တယ်။ "လိမ်နေတာရပ်စမ်း, မင်း ဒီလိုပစ္စည်းမျိုးကို ဘယ်လိုလုပ်ရှာတွေ့နိုင်မှာလဲ?"
လီရှင်းဝူ တိတ်ဆိတ်သွားခဲ့တယ် "အဲ့ဒါ စစ်ပွဲတွင်းမှာ ကျဆုံးသွားတဲ့ ရဲဘော်တစ်ယောက် ငါ့ဆီအပ်နှံခဲ့တာ"
ထန်လီ မိုးကြိုးပစ်ခံလိုက်သလို ခံစားရလေတယ်။ "စစ်ပွဲတွင်းမှာ ကျဆုံးသွားတဲ့ရဲဘော်?"
လီရှင်းဝူက သူ့နှုတ်ခမ်းကို လှမ်းနမ်းလိုက်တယ်။ "သူ ငါ့ကိုပြောတာတော့ အဲ့ဒါ သူ့မိန်းမဆီက ချစ်သက်လက်ဆောင်တဲ့ အဲ့ဒါကိုကောင်းကောင်းစောင့်ရှောက်ပေးပါတဲ့"
ထန်လီက လွမ်းဆွေးမှုကြောင့် ကျဆင်းလာတဲ့မျက်ရည်တွေကို သုတ်ပြီး လီရှင်းဝူကို မော့ကြည့်လိုက်တယ်။ အဲ့နောက် ကြေးပြားစေ့ကို လှမ်းကြည့်ပြီး လီရှင်းဝူကို ထပ်ကြည့်ပြန်တယ်။
ESTÁS LEYENDO
စစ်သူကြီးက အရမ်းဉာဏ်များတာပဲ {ဘာသာပြန်} [Completed]
Ficción históricaDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Elizabeth Sora ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date-1.5.2021 End Date- 22.7.2021