Chp(3) Checking Your Mouth

9.6K 1.8K 205
                                    

[Unicode]

စစ်သူကြီးရဲ့ဒိုင်ယာရီ:

•••ငါ သူ့ရင်ဘတ်ကိုအောင်အောင်မြင်မြင်ထိလိုက်တယ်, ဟီးဟီး•••

***************

    လီရှင်းဝူတစ်ယောက် သူ့ရဲ့အစောင့်အကြပ်တွေပြေလျော့သွားစေရန် ထန်လီသည် ပြဿနာမရှာဘဲ အကျဉ်းထောင်ထဲ၌နှစ်ရက်ကြာနာနာခံခံနေထိုင်နေလေတယ်။ သူ့ကိုယ်သူ အလေးအနက်စဉ်းစားနေခဲ့တယ်။

   တတိယမြောက်နေ့ညသန်းခေါင်ရောက်တော့ ထန်လီက သူ့ရဲ့လွတ်မြောက်ရေးအကြံစည်ကိုထပ်မံစတင်ခဲ့တယ်။ တံခါးသော့ကိုဖွင့်ပြီးနောက် သူ အကျဉ်းထောင်ကနေခိုးကြောင်ခိုးဝှက်ထွက်လာခဲ့တယ်။ 

   သူ့ရဲ့ထွက်ပြေးမှုက အတော်လေး ချောမွေ့နေတယ်, အစောင့်တွေအားလုံး မျက်ကန်းဆွံ့အနားမကြားတွေ ဖြစ်ကုန်သလိုပဲ။ သူ အစောင့်တစ်ချို့ကို ဖြတ်ကျော်လာပြီးနောက် သူတို့အားလုံးက မာကျောက် ကစားပြီး သောက်စားနေကြတယ်။ လုံးဝ ပရမ်းပတာ ဖြစ်နေပြီး ဘယ်သူကမှ သတိမထားမိကြပေ။

   ထန်လီ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီး အကျဉ်းထောင်အပြင်ဘက်ကိုထွက်လာချိန်မှာ လီရှင်းဝူက တံခါးဘေးကွယ်နေတဲ့နေရာကိုမှီထားပြီးခြေချိတ်ထိုင်နေတာကိုမြင်လိုက်ရတယ်။

  ညသန်းခေါင်ကြီး ထျန်းစီအိမ်တော်သခင်က    မအိပ်ဘဲ ဝင်ပေါက်ကိုစောင့်ကြပ်ဖို့ရောက်နေတယ်။

  သူ့စိတ်ထဲမှာ ထန်လီတစ်ယောက် အဲ့အရူးကောင်ကို သစ်ပင်တစ်ပင်မှာ ဇောက်ထိုးဆွဲပြီး အကြိမ်ရှစ်ရာလောက် ရိုက်ပစ်ချင်လာတယ်။

   လီရှင်းဝူက အေးစက်စက် ရယ်လိုက်ပြီး ဆူဆူညံညံ အသံမြည်နေတဲ့ သံချပ်ကာနဲ့ ထရပ်လိုက်တယ်။

   ထန်လီနှလုံးသား အေးခဲသွားရတယ်။

  လီရှင်းဝူ ထရပ်ပြီး သူ့ဆီ လျှောက်လာတယ်။ သူ တန်လီရှေ့မှာရပ်လိုက်ပြီး သူ့လည်ပင်းကိုအနံ့ခံဖို့ငုံ့ကိုင်းလာခဲ့တယ်။ သူ့နှုတ်ခမ်းတွေက တန်လီညှပ်ရိုးတွေကို ပုံရိပ်ယောင်တစ်ခုလိုလျှပ်တပြက်ပွတ်ဆွဲသွားခဲ့တယ်။

စစ်သူကြီးက အရမ်းဉာဏ်များတာပဲ {ဘာသာပြန်} [Completed]Donde viven las historias. Descúbrelo ahora