Chp(5) This Person Is So Dirty

9.5K 1.7K 251
                                    

[Unicode]

အကျဉ်းထောင်ထဲနောက်တစ်ကြိမ် ထပ်ပြီးအပိတ်ခံလိုက်ရတာနဲ့ ထန်လီတစ်ယောက် ထိုအထဲမှာပဲ ရက်တော်တော်လေးကြာအောင်နေထိုင်ခဲ့တယ်။ ဒီအချိန်အတွင်းမှာ လီရှင်းဝူက ရံဖန်ရံခါပေါ်လာတတ်ပြီး တရားမျှတပြီးအဂတိမလိုက်စားတတ်တဲ့မျက်နှာကြီးနဲ့ သူ့ကိုဒုက္ခပေးနှောင့်ယှက်လေ့ရှိတယ်။ ထန်လီကတော့ သူ အခွင့်အရေးရလျှင်ရချင်း မထွက်ပြေးနိုင်လို့ကတော့ သူ့ရဲ့ဖြူ‌စင်မှုတွေပျက်သုန်းတော့မယ်ဆိုတာကို အသေအချာခံစားမိနေတယ်။

ဒါကြောင့် တစ်ရက်ရောက်တော့ အစောင့်တစ်ယောက် ထန်လီကို ညစာလာပို့ပေးချိန်မှာ ထန်လီက သူ့ရဲ့ဝမ်းဗိုက်ကိုဆုပ်ကိုင်ပြီး မြေပြင်ပေါ်မှာလူးလိမ့်နေခဲ့တယ်။ "စစ်သည်, ကျွန်တော့်ဗိုက်အောင့်လို့"

အ‌စောင့်က သူ့ပေါင်ကိုရိုက်ပြီး ခပ်ပြတ်ပြတ်ပြောခဲ့တယ် "မင်း နောက်ဆုံးတော့ အကွက်ရွှေ့လာပြီပေါ့"

ထန်လီ စိတ်ရှုပ်ထွေးသွားခဲ့တယ် "...ခင်ဗျား ဘာပြောလိုက်တာလဲ?"

အစောင့်က မျက်တောင်တစ်ချက်မခတ်ဘဲ အကျဉ်းထောင်တံခါးဖွင့်ပြီး ဝင်လာခဲ့တယ် "ဘာမှမဖြစ်ဘူး။ ငါ့ကို တစ်ချက်ပြကြည့်"

ထန်လီက အံကြိတ်ရင်း နာကျင်မှုအကြီးကြီးခံစားနေရသယောင် ဟန်ဆောင်နေခဲ့တယ်။ အဲ့နောက် ထိုအစောင့် အနားကပ်လာချိန်မှာ ထန်လီတစ်ယောက် လက်သီးတစ်ချက်ပစ်သွင်းလိုက်တယ်။

အစောင့်က သူ့ပါးကိုဆုပ်ကိုင်ပြီး ခုန်ဆွခုန်ဆွလုပ်တော့တယ်။ သူ တစ်ခဏလောက်ဝိုင်းကြီးပတ်ပတ်ဒူဝေဝေလုပ်နေပြီးမှ သနားစရာကောင်းလိုက်အောင်ငိုကြွေးရင်း မြေပြင်ပေါ်လှဲချလိုက်တယ်။ သူ့ခြေထောက်တွေကလည်း တွန့်လိမ်ကောက်ကွေးနေပြီး "အား! နာလိုက်တာ! ဒါက ဒဏ္ဍာရီလာ....လူသတ်မြှား....."

ထန်လီတစ်ယောက် ထိုအစောင့်ရဲ့ ပုံကြီးချဲ့ထားတဲ့သရုပ်ဆောင်မှုကြီးကို အလွန်အမင်းအံ့အားသင့်စွာ ပါးစပ်အဟောင်းသားဖြင့်သာ ငေးကြည့်နေမိတော့တယ်။

ဘာနားကမြှားထွက်လာရမှာလဲ! မင်း သရုပ်ဆောင်ရတာကြိုက်တယ်ဆိုရင်တောင် သဘာဝကျအောင်လေးတော့လုပ်စမ်းပါဦးဟ!

စစ်သူကြီးက အရမ်းဉာဏ်များတာပဲ {ဘာသာပြန်} [Completed]Where stories live. Discover now