.
UNICODE
."Morning Jisoo unnie♡"
SMS ဝင်လာလို့ vibrateမြည်လာတဲ့ ဖုန်းလေးကိုကောက်ဖွင့်ကြည့်လိုက်တာနဲ့ ကျွန်မနှုတ်ခမ်းတွေအလိုလို ပြုံးသွားတယ်။
"Morning Chae ^‿^"
စာပြန်လိုက်တယ်။
ဒီကလေးမဆီက SMSလေးတွေ မနက်တိုင်းရောက်လာတတ်တယ်။ အခု ကျွန်မလည်း မျှော်နေတတ်ပြီလေ။စစချင်းတွေ့တာက Asia music festivalမှာပေါ့။
အသက်၂၂နှစ်အရွယ် အဆိုတော်မိန်းကလေးတစ်ယောက်က Arirangသီချင်းကို သီဆိုသွားလိုက်ပုံများ ကျွန်မမှာဖြင့် မျက်ရည်ပါဝဲမိတဲ့အထိပါပဲ။
___________လွန်ခဲ့တဲ့ ၁၂နှစ်၊ ကျွန်မအသက် ၁၂နှစ်မှာ ကျွန်မအရမ်းသဘောကျခဲ့ရတဲ့ ဒီလိုအဆိုရှင်တစ်ဦးဟာ လောကကြီးထဲကနေ ထွက်ခွာသွားခဲ့တယ်လေ။
အဖွားဖြစ်သူ Kim Soo Hyung...ကျွန်မဟာ လူမှန်းသိတတ်စအရွယ်ထဲက အဖွားရဲ့ သီချင်းဆိုသံတွေကို မြတ်နိုးတတ်ခဲ့တဲ့သူပေါ့။
Sopranoအဆိုတော်ရဲ့ မြေးဖြစ်ရတာကိုလည်း သိပ်ဂုဏ်ယူခဲ့တာလေ။ အဖွားဆုံးသွားပြီးတဲ့နောက်မှာ အဖွားရဲ့သီဆိုဟန်ကို ဘယ်အဆိုတော်ဆီမှာမှ ရှာမတွေ့ခဲ့ဘူး။ ကိုယ်တိုင်လည်း အဖွားလိုဆိုနိုင်ဖို့ ကြိုးစားသင်ယူခဲ့ပါသေးတယ်။ ဒါပေမဲ့ လူဆိုတာက မွေးရာပါ ပါရမီကိုယ်ဆီပဲလေ။ ကျွန်မအသံက သာမန်သီချင်းတွေဆိုဖို့တော့ ကောင်းမွန်တာထက်ပိုတယ်ဆိုပေမဲ့ Sopranoအဆိုရှင်ဖြစ်ဖို့ထိတော့ ပါရမီမပါခဲ့ပါဘူး။Idolအဆိုရှင်ဖြစ်ဖို့ YG entertainmentမှာ ၁၅နှစ်သမီးထဲက trainingဝင်ခဲ့ပေမဲ့ ကံပဲကောင်းတာလား ဘာလားမပြောတတ်ပါဘူး။ ၁၆နှစ်အရွယ်မှာတင် မင်းသမီးကြီး Eugeneရဲ့ ဇာတ်ကားမှာ Eugeneရဲ့ ငယ်ဘဝဇာတ်ကောင်ကျောင်းသူတစ်ယောက်အဖြစ် သရုပ်ဆောင်ဖို့ ရွေးချယ်ခံလိုက်ရတယ်။ ကျွန်မက Eugeneငယ်ရုပ်နဲ့ဆင်တဲ့အပြင် သရုပ်ဆောင်ကလည်း ပါရမီပါလေတော့ အဲ့ဒီဇာတ်ပို့နေရာမှာ ကျွန်မနဲ့ အလိုက်ဖက်ဆုံးဖြစ်သွားတော့တာပဲ။ အဲ့ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ပြီးထဲက ပရိသတ်ရော၊ သရုပ်ဆောင်အသိုင်းအဝိုင်းရောရဲ့ အသိအမှတ်ပြုမှုတွေ အများကြီးရခဲ့တယ်။
YOU ARE READING
Short Stories BP Fanfic & OC [U+Z]
Fanfiction(Unicode) တချို့ storyတွေမှာ characters တွေအတွက် နာမည်အသစ်တွေ အမျိုးမျိုးသုံးသွားမှာပါ။ သို့သော် short storiesတိုင်းမှာ ပါတဲ့ အဓိကဇာတ်ဆောင်တွေနေရာမှာ BP membersများကို မြင်ယောင် ဖတ်ရှုနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ ဇာတ်လမ်းတိုင်းမှာ ဘယ်သူက ဘယ်memberဖ...