📡Robots'Oxytocin, Ep3

807 134 9
                                    

UNICODE

Lisa ။ ။ "မင်းအတွက်ဂုဏ်ယူပါတယ်"

Ni ။ ။ "ကျွန်မဘာဆက်လုပ်ရမှာလဲ"

Sel ။ ။ "မင်းလိုချင်တာကို ဆက်လုပ်ပေါ့"

Ni ။ ။ "ကျွန်မ လိုချင်တာ...?"

Rose ။ ။ "သူ့ကိုချစ်နေပြီလို့ ကိုယ့်ကိုကိုယ်သိလိုက်ပြီးနောက် ဘာကိုလိုချင်လာလဲ"

Ni ။ ။ "အရင်ဆုံး စိုးရိမ်မိတာပဲ သူသိသွားရင်ရော ဆိုပြီး၊ နောက်တော့ သူကျွန်မကိုရော ချစ်လာပါ့မလား ဆိုပြီး"

Lisa ။ ။ "ငါတို့ပြောတာကလည်း အဲ့တာပဲလေ၊ မင်းသူ့ဆီက အချစ်ကို လိုချင်တယ်မလား"

Ni ။ ။ "အင်း...အရမ်းလိုချင်တယ်"

Sel ။ ။ "နောက်တလှည့် dating projectတွေ အကုန်ဖြတ်ပေးမယ်၊ မင်းနဲ့သူ dateကြရမယ်၊ သူမင်းကို ချစ်လာအောင်ကြိုးစားရမယ်"

Ni ။ ။ "ဘယ်လိုကြိုးစားရမှာလဲ"

Rose ။ ။ "datingတွေ အများကြီးလုပ်ခဲ့ဖူးတာပဲ၊ မင်းစိတ်ထဲ သူကြိုက်မယ်ထင်တာလေးတွေ လုပ်ပေးပေါ့"

အူလည်လည်ရုပ်လေးနဲ့ ခေါင်းငြိမ့်ရှာတယ်။

"Fighting Ni"

%%%%%%%$$$%%%%%%%

Seulgiနဲ့ ဒုတိယအကြော့ datingပြီးတော့ ဟိုက Ireneနဲ့ ပြန်အဆင်ပြေနေပြီ။

"Nini"

"အင်း..."

"နင်နဲ့ နောက်တလှည့် dateမဲ့လူအကြောင်း ပို့ပြီလား၊ ငါ့ဆီကို အခုထိ ဘာအချက်လက်မှရောက်မလာသေးလို့"

"ဟို...တကယ်တော့...."

Roseတို့က သူကိုယ်တိုင်ဖွင့်ပြောပြီး dateဖို့တောင်းဆိုစေချင်တာ။ သူက အခုထိ ဖွင့်မပြောနိုင်ဖြစ်နေတယ်။

"Ya...အဲ့အသံကြားရပြန်ပြီ"

"ဟင်?"

"နင့်ကိုယ်ထဲက...နင် internal systems တစ်ခုခုဖြစ်နေတာလား"

"မဟုတ်ပါဘူး၊ ကောင်းပါတယ်၊ တကယ်တော့...ငါ...ငါ သွားအိပ်ဦးမယ်"

သူ့ကိုဖွင့်ပြောဖို့ကြံတိုင်း နှလုံးခုန်သံက အကျယ်ကြီးမြည်မြည်လာတာကြောင့် အခန်းထဲပြန်ပြေးမိတာချည်းပဲ။

Short Stories BP Fanfic & OC [U+Z]Where stories live. Discover now