ကျယ်လောင်တဲ့ပေါက်ကွဲသံကြီး နှစ်ချက်ဟာ ဆက်တိုက်ဆင့်ပြီး ပေါ်ထွက်လာခဲ့တယ်။အားလုံးလည်း အတော် လန့်သွားကြတယ်။ သူတို့အားလုံး အနောက်အရပ်ကို လှမ်းကြည့်ကြတယ်။ မနီးမဝေးတစ်နေရာကနေ အငွေ့တလူလူနဲ့ မီးညွှန့်တွေတက်လာတာကို မြင်ကြတယ်။
"ဘာဖြစ်တာလဲ?"
"ဗုံးပေါက်တာလား?"
"အင်တာနက်ဖွင့်ကြည့်ကြပါဦး"
ဆေးရုံကားသံ၊ ရဲကားသံ၊ မီးသတ်ကားသံတွေ ဆူညံလာတယ်။ သူတို့ရပ်နေတဲ့ ကားမှတ်တိုင်ရှေ့ကနေ ဖြတ်မောင်းသွားတာ မနည်းမနော။
Chaeyongဟာ ဖုန်းဖွင့်ကြည့်ရင်း Facebook liveတစ်ခုကိုတွေ့သွားတယ်။
"တွေ့ပြီ Emerald အိမ်ရာမှာ ပေါက်ကွဲမှုဖြစ်တာတဲ့၊ အကြောင်းအရင်းမသိရသေးဘူး။ အခု မီးဟုန်းဟုန်းတောက်နေတယ်"
"ဒီကိုလည်းပြ ဒီကိုလည်းပြ"
"Emeraldက ငါတို့အဆောင်နဲ့ တစ်ရပ်ကွက်ထဲမလား"
"ဟုတ်တယ်၊ တစ်လမ်းကျော်တင်"
Jisoo, Jennieနဲ့ Lisaတို့ သူ့အနားတိုးကပ်လာကြပြီးဖုန်းကိုကြည့်တယ်။ ပတ်ဝန်းကျင်က လူတွေလည်း ဖုန်းကိုယ်ဆီနဲ့ပဲ။
Live videoထဲမှာ မြေပြင်အခြေအနေကို မြင်နေရပါတယ်။ မီးဟာ အလွန်ကြီးပြီး အထဲမှာ လူတွေ ဒါဇင်ပေါင်းများစွာ ပိတ်မိနေတယ်။
မီးလောင်နေတဲ့လူတချို့ဟာ အပေါ်ထပ်တွေကနေ ခုန်ချလာကြတယ်။
"ဘုရားရေ..."
ရသလောက်ဆွဲထုတ်လာတဲ့ လူတွေဟာ ဒဏ်ရာပေါင်းစုံနဲ့အော်ဟစ်နေကြတယ်။ ဒီအနိဌာရုံမြင်ကွင်းကို သူတို့ဆက်မကြည့်နိုင်တော့ဘူး။
YOU ARE READING
Short Stories BP Fanfic & OC [U+Z]
Fanfiction(Unicode) တချို့ storyတွေမှာ characters တွေအတွက် နာမည်အသစ်တွေ အမျိုးမျိုးသုံးသွားမှာပါ။ သို့သော် short storiesတိုင်းမှာ ပါတဲ့ အဓိကဇာတ်ဆောင်တွေနေရာမှာ BP membersများကို မြင်ယောင် ဖတ်ရှုနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ ဇာတ်လမ်းတိုင်းမှာ ဘယ်သူက ဘယ်memberဖ...