.
UNICODE
.ဒီဇာတ်လမ်းကို ဘာမှနားမလည်တဲ့လူတွေရှိနိုင်ပါတယ်။ Harry Potterဇာတ်ကားကြည့်ဖူးသူ or စာအုပ်ဖတ်ဖူးသူတွေကတော့ အကုန်နားလည်မယ် ထင်ပါတယ်။ မဟုတ်ရင်တော့ တော်ရုံနားလည်မှာမဟုတ်ပါဘူး။ နားမလည်တဲ့ စာဖတ်သူများက အာသာခြူးရဲ့ တခြားficတွေကို ဖတ်နှင့်ပါဦးနော် ✌️❣️❣️
_________________________
Ep3_
ညနေစာသင်ချိန်အပြီးမှာ စတိုခန်းကျဉ်းလေးတစ်ခုမှာ တွေ့ဖြစ်ကြတယ်။ ဒီအခန်းလေးက ကျွန်မတို့နှစ်ယောက်ထဲ အေးဆေးလာနေကျ နေရာလေး။
ကျွန်မတို့နှစ်ယောက်ထဲ စင်အမြင့်ကြီးနှစ်ခုကြားမှာ နံရံနားကပ်ပြီးရပ်နေခဲ့ကြတာလေ။ အရင်ကလည်း ဒီလိုရှိဖူးပါတယ်။ ဒါပေမဲ့ အခု ကျွန်မဘာလို့ အိုက်နေရတာလဲ။
"အရင်ဆုံး ငါ့ဒဏ်ရာကို ဆေးထည့်ပေးပါလား၊ အခုထိ နာနေသေးလို့"
"အခုထိလား အဲ့တာကြောင့်မနေ့ထဲက ငါလုပ်ပေးပါ့မယ်ပြောတာ၊ ကိုယ့်ဘာသာလုပ်ပြီးသေချာတောင် ပတ်တီးစီးမထားပဲနဲ့"
ဖြေးချင်းဖြည်လိုက်ပြီးချိန် တွေ့လိုက်ရတဲ့ ဒဏ်ရာကြောင့် ကျွန်မမျက်လုံးတွေပြူးကျယ်ပြီး ပါးစပ်းအဟောင်းသားဖြစ်သွားရတယ်။
"Suu...ဒါ...ဒါက..."
"မပူပါနဲ့ အဲ့ဒါကို ငါကိုယ်တိုင် ခြစ်ထုတ်ပြီးဖျတ်ဖို့ကြိုးစားခဲ့မိတာပါ"
မြွေနဲ့ အရိုးခေါင်းလိုပုံစံရှိတဲ့ ခပ်မှိန်မှိန် အရာတစ်ခုပေါ်မှာ ခြစ်ရာခပ်ကြီးကြီးတစ်ခုက နီရဲပြီး သွေးပြန်ထွက်နေသည်။ အဲ့ဒီပုံက death eatersတံဆိပ်...(Death eatersဆိုတာ Voldemortရဲ့ သစ္စာခံ black magicianတွေပါ)
"အရင်ဆုံးဆေးထည့်ပြီး ပတ်တီးစည်းပေးပါJane, ပိုပိုပြီး နာလာလို့"
"အင်း..."
ကျွန်မ စိတ်ကိုငြိမ်အောင်ထားရင်း Suuပေးတဲ့ဆေးကို အနာပေါ်လိမ်းပေးပြီး ပတ်တီးစည်းပေးလိုက်တယ်။ ပြီတော့မှ...
"Suu...Death eatersတံဆိပ်နဲ့တူတဲ့ အရာက ဘာလို့နင့်ဆီမှာရှိနေရတာလဲ... Death eatersတွေမရှိတော့တာ ကြာလှပြီပဲကို"
KAMU SEDANG MEMBACA
Short Stories BP Fanfic & OC [U+Z]
Fiksi Penggemar(Unicode) တချို့ storyတွေမှာ characters တွေအတွက် နာမည်အသစ်တွေ အမျိုးမျိုးသုံးသွားမှာပါ။ သို့သော် short storiesတိုင်းမှာ ပါတဲ့ အဓိကဇာတ်ဆောင်တွေနေရာမှာ BP membersများကို မြင်ယောင် ဖတ်ရှုနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ ဇာတ်လမ်းတိုင်းမှာ ဘယ်သူက ဘယ်memberဖ...