📡Robots' Oxytocin, Ep2

926 145 7
                                    

UNICODE

ဒီလိုနဲ့ သူတို့ရင်းနှီးသွားကြတယ်။ နောက်နေ့ကစပြီး သူတို့နဲ့ ဒိတ်မဲ့ အမျိုးသားနှစ်ဦးရောက်လာတယ်။

Jiက Bobby Kimဆိုသူနဲ့ဖြစ်ပြီး Niက Juneဆိုတဲ့သူနဲ့ပေါ့။ ၅ရက်လုံး အချိန်တွေပေးပြီး အတူ အပြင်သွားကြရတယ်။ သူ့အတွဲနဲ့သူပေါ့လေ။ ဒီတော့ Jiနဲ့ Niက သိပ်မတွေ့ဖြစ်ဘူး။ ညနေအိမ်ပြန်ရောက်မှ တွေ့ကြရတယ်။

Dateတဲ့အခါ JAK RUAက ဂြိုဟ်တုကနေပါ တိုက်ရိုက်စောင့်ကြည့်ပါတယ်။ စိန်ခေါ်သူတွေအနေနဲ့ သူတို့ရဲ့ စက်ရုပ်လူသားကို ထိခိုက်ပျက်ဆီးအောင် ဘာမှလုပ်လို့မရအောင် ဂရုစိုက်တဲ့သဘောပါ။ Ji and Niတို့ကိုယ်တိုင်မှာလည်း ကိုယ့်ကိုကိုယ် လိုအပ်ရင် ကာကွယ်နိုင်စွမ်းအပြည့်ရှိပါတယ်။

ပထမဆုံးအတွေ့အကြုံမို့ သူတို့သင်ယူစရာပိုများပါတယ်။ Jiနဲ့ dateသူဟာ ကမ္ဘာကျော် rapperတစ်ဦးဖြစ်ပါတယ်။ အရမ်းလည်းချမ်းသာပါတယ်။ ဒီတော့ Jiကိုကောင်းပေ့ဆိုတဲ့ နေရာတွေ၊ ဆိုင်တွေ ကလပ်တွေဆီခေါ်သွားပါတယ်။ အကောင်းစား လက်ဆောင်မျိုးစုံပေးပါတယ်။ သာမန်လူသားမိန်းကလေးတွေ အလွယ်တကူ ပစ်ခါပြီးကြွေချင်စရာ အကွက်မျိုးစုံသုံးနိုင်သူပါ။ အနုပညာရှင်ဆိုတော့ အရမ်းလည်း romanticဆန်ဆန်ပြုမူပါတယ်။ နူးညံ့တယ်။ ဆွဲဆောင်မှုလည်းရှိတယ်။ သို့သော် Jiက ၅ရက်ပြည့်ချိန်မှာ စိတ်မဝင်စားကြောင်းသာ တုံ့ပြန်ပါတယ်။

Ni ရဲ့ partnerကတော့ ကိုရီးယားနိုင်ငံက ဒုတိယ အချမ်းသာဆုံး လူငယ်သူဌေးဖြစ်ပါတယ်။ နိုင်ငံအတွင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကြီးတွေကို ပိုင်ဆိုင်သူပါ။ သူက အဆင့်မြင့် ယာဉ်တွေနဲ့ Niကို အလှပဆုံးနေရာတွေဆီခေါ်သွားပါတယ်။ တောင်ပေါ်ဒေသ၊ ရေခဲပြင်ဒေသတွေအပြင် ရေအောက် အဏ္ဏဝါသကမ္ဘာအထိပေါ့။ romanticဆန်တဲ့ လူတစ်ယောက်ပါပဲ။ gentleman typeဖြစ်ပြီး ညှို့အားပြင်းတဲ့ အကြည့်တွေရှိတယ်။ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေသူပါ။ သို့သော် Niဆီကနေ ၅ရက်ပြည့်ပြီးတာနဲ့ ထွက်ခွာခဲ့ရပါတယ်။ သူလည်း Niအချစ်ကိုမရခဲ့ပါဘူး။

အစထဲက ရလဒ်က ဘာပဲဖြစ်ဖြစ် ကြည်ဖြူစွာ လက်ခံပါ့မယ်လို့ လူသိရှင်ကြား ကတိပြုလက်မှတ်ထိုးထားရတာမို့ ဘာမှဆက်မဖြစ်တော့ဘူးပေါ့လေ။

Short Stories BP Fanfic & OC [U+Z]Donde viven las historias. Descúbrelo ahora