UNICODE
"Ji ငါလုပ်မယ်! ငါက နင့်ကို ပိုချစ်တာမို့"
"ငါပြောဖူးတာ မမှတ်မိဘူးလား နင့်အတွက်ဆို ငါဘာမဆို ဖြည့်ဆည်ပေးမယ်လို့၊ ဒါတောင် ငါ့အချစ်က နင့်ထက်နည်းတယ်ထင်နေတုန်းလား၊"
"ငါနင့်ကို အထိခိုက်မခံနိုင်ဘူး"
"နင်မရှိတော့ပဲ ကျန်ခဲ့ရမှာထက်စာရင် ငါပဲ အရင်သေလိုက်မယ် Ni၊ တကယ်လို့ကံကောင်းရင် ငါပြန်နိုးရင် နိုးလာမှာပါ"
"ပြန်နိုးလာနိုင်ချေက ၁၀%လောက်ပဲရှိတာလေ၊ Jiရယ် ခေါင်းမမာပါနဲ့"
သူတို့ ရင်ဘတ်တွေကို ဖိထားမိကြတယ်။
နာကျင်တယ်၊ ဝမ်းနည်းတယ်၊ မွန်းကြပ်တယ်။ ငိုလို့မရကြဘူး။ မျက်ရည်တွေ မရှိကြဘူး။ သူတို့ကို စောင့်ကြည့်နေတဲ့ ရုံးချုပ် watch departmentက လူတွေကတော့ လူသားတွေမို့ မျက်ရည်ဝဲတဲ့သူ ဝဲနေကြပြီ။Jiက Niကို ပွေ့ဖက်လိုက်တယ်။
"Nini...နင်လည်းအားနည်းနေပြီ charging bedပေါ်သွားရအောင်၊ အရင်အိပ်လိုက်နော်"
"Jiji unnie...ငါလုပ်ပါရစေနော်"
"ငါတို့နောက်နေ့မှ ဆက်ပြောရအောင် အခုအိပ်တော့"
သူတို့နှစ်ယောက် အတူလှဲလိုက်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားရင်းပေါ့။
"unnie...ငါvolunteer လုပ်မယ်လေနော်၊ ငါပြန်နိုးမလာရင်လည်း နင်ပျော်ပျော်ရွှင်ရွှင် နေခဲ့နော်။ အဲ့လိုပဲ လုပ်ကြရအောင်လေ Jijiရဲ့၊ နင်တော့ သွားလို့မဖြစ်ဘူးလေ ငါကြောက်တယ်။ ငါကိုယ်တိုင်ထိခိုက် မှာထက် နင်ထိခိုက်မှာကို ပိုကြောက်တယ်Jijiရဲ့"
Jiက ခေါင်းသာငြိမ့်နေတယ်။
"ဒါဆိုအိပ်တော့ Nini၊ volunteerလုပ်မဲ့သူက အားရှိနေမှ ဖြစ်မှာပေါ့"
*ငါက နင့်ကို ပိုချစ်တာပါ Jijiရယ်*
*Nini...ငါပြန်လာမှာပါ၊ 10%ပဲရှိရင်တောင် အဲ့ဒီ 10%ကို အမိအရ ဖမ်းဆုပ်ပြီး ငါနင့်အနားကို ပြန်လာခဲ့ပါ့မယ်*
Niအိပ်ပျော်သွားတာ သေချာတာနဲ့ သူဟာ Bed to Robot Charingကနေ reverseလုပ်လိုက်တယ်။ ဒီတော့ Niဆီက batteryတွေအားလုံးက bedဆီကို ဝင်သွားတယ်။ ဒါဟာ passwordသိတဲ့သူသာ လုပ်နိုင်တာလေ။ ပြီးတော့ Ni batteryကိုပါ ပါဝါပိတ်လိုက်တော့တယ်။ Niရဲ့ passwordကိုလည်း သူသိတယ်လေ။
ESTÁS LEYENDO
Short Stories BP Fanfic & OC [U+Z]
Fanfic(Unicode) တချို့ storyတွေမှာ characters တွေအတွက် နာမည်အသစ်တွေ အမျိုးမျိုးသုံးသွားမှာပါ။ သို့သော် short storiesတိုင်းမှာ ပါတဲ့ အဓိကဇာတ်ဆောင်တွေနေရာမှာ BP membersများကို မြင်ယောင် ဖတ်ရှုနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ ဇာတ်လမ်းတိုင်းမှာ ဘယ်သူက ဘယ်memberဖ...