ကျွန်မ crushဆီကနေ ရည်းစားစာရခဲ့တယ်။ ကျွန်မအခု ပျော်နေမယ်ထင်ပါသလား။ လုံးဝဆန့်ကျင်ဘက်ပါဘဲ။ ရင်ဘတ်ထဲမှာ မွန်းကြပ်ပြီး ငိုချင်နေတာပါ။ စိတ်မကောင်းဖြစ်နေတာ၊ ဝမ်းနည်းနေတာ အသဲကွဲနေတာ။ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီရည်းစားစာက သူပေးတာ မဟုတ်လို့ဘဲ။
ဒီလိုလေ...
ကျောင်းအပြန် ထုံးစံအတိုင်းပေါ့ ကျွန်မသူ့ကို မသိမသာလေးကြည့်ရင်း ကားမှတ်တိုင်ဆီ အတူလာခဲ့တယ်။ သူက သူ့ငယ်ချင်းတွေနဲ့ ကျွန်မကလည်း ကျွန်မသူငယ်ချင်းနဲ့ပေါ့။။ သူနဲ့ကျွန်မက အရမ်းကြီးမရင်းနှီးဘူးလေ။ ဒါပေမယ့်ရင်ခုန်သံတွေမြန်သွားရတာက သူကျွန်မနာမည်ကို ခေါ်လိုက်တဲ့အချိန်ဘဲ။"Jennie, ရော့..."
ကားမှတ်တိုင်မှာ သူက စာအိတ်လေးတစ်ခု ကျွန်မဆီထိုးပေးတာ။
"ရည်းစားစာ နင့်အတွက်"
"ရှင်?"
"Minoက ပေးခိုင်းလိုက်တာ"
သူက ခပ်ပြုံးပြုံးလေးပါပဲ။ အမြဲတမ်း လူတိုင်းနဲ့ အဆင်ပြေပြေရှိနေတာ သူ့ရဲ့အဲ့ဒီအပြုံးကြောင့်ပဲ။ သူ့အနေနဲ့ တခြားသူပေးခိုင်းတဲ့ရည်းစားစာကို ပေးပေးပုံအရ သူဟာ ကျွန်မအပေါ် တစိုးတစိမှ စိတ်မဝင်စားကြောင်း၊ ကျွန်မကိုသူ့သူငယ်ချင်းနဲ့ အောင်သွယ်ပေးဖို့ပင် ဝန်မလေးကြောင်း ပေါ်လွင်နေပြီပေါ့။
ကျွန်မကတော့ သူ့ကို ကြိုက်ခဲ့ရတာလေ။ အမြဲတမ်း အမြဲတမ်း ခုံနှစ်တန်းကျော်ကနေ သူ့ကို ခိုးခိုးကြည့်နေခဲ့ရတာ။
အစပိုင်း စိတ်ဝင်စားတယ်၊ နောက်တော့ သဘောကျလာတယ်။ ပြီးတော့ ချစ်မိသွားတယ်။ ဟုတ်တယ်။ အချစ်...
YOU ARE READING
Short Stories BP Fanfic & OC [U+Z]
Fanfiction(Unicode) တချို့ storyတွေမှာ characters တွေအတွက် နာမည်အသစ်တွေ အမျိုးမျိုးသုံးသွားမှာပါ။ သို့သော် short storiesတိုင်းမှာ ပါတဲ့ အဓိကဇာတ်ဆောင်တွေနေရာမှာ BP membersများကို မြင်ယောင် ဖတ်ရှုနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ ဇာတ်လမ်းတိုင်းမှာ ဘယ်သူက ဘယ်memberဖ...