အိမ်ထဲကပြန်ထွက်လာတဲ့ ကောင်မလေးတစ်ယောက်။ မျက်ရည်တွေက အဝဲသားနဲ့။ ထိုမိန်းကလေး ကားမှတ်တိုင်ရောက်သွားသည်အထိ Kimဟာ သူမနောက်က လိုက်သွားခဲ့တယ်။ ဒီလမ်းထိပ်အထိကနေ ထွက်လို့မရတာမို့ ဆက်သွားလို့မရတဲ့ နတ်မိမယ်လေးဟာ သူငယ်ချင်းနောက်ပြေးလိုက်သွားတဲ့ Kimကို ငေးကြည့်ရင်းသာ ကျန်ခဲ့လေတယ်။
_______Jennieဆိုတာ Kim Jisooနဲ့အတူ တစ်သက်တာ အတူကြီးပြင်းခဲ့ရသူပါ။
လူရှင်းနေတဲ့ ဆောင်းတွင်းညနေခင်းအချိန် ကားမှတ်တိုင်က ခုံတန်းလေးမှာ သူမနဲ့အတူ နဘေးမှာ Kim Jisooရှိနေတာကို မသိရှာဘူးပေါ့။ သူမဟာ တရှုံ့ရှုံ့ငိုနေပြန်တယ်။
"မငိုပါနဲ့ Jennie ya...ငါဒီမှာလေ..."
နတ်မိမယ်ဟာ လမ်းထိပ်အဝင်ကနေ ဟိုးတစ်ဖက်ဆီက ကားမှတ်တိုင်လေးကို လှမ်းကြည့်နေပါတယ်။
"Jiက အဲ့ဒီသူငယ်ချင်းကို အတော်ချစ်တာပဲ၊ ငါ့ကိုလည်း သူ့လို ချစ်ပေးရင်ကောင်းမယ်၊ ငါ့ကိုချစ်တဲ့ တစ်စုံတစ်ယောက် လိုချင်မိတယ်။ နင်ငါ့နားရှိပေးနေတာ ငါ့အတွက်ကောင်းကျိုးလည်းရှိပြီး ငါအရမ်းလည်းပျော်ရတယ်Ji၊ ဒါပေမဲ့ နင့်အတွက်တော့ အဲ့လို မဟုတ်ဘူးမလား။ စိတ်မကောင်းပါဘူးJi, ငါနဲ့ရှိနေချိန်တွေမှာ နင်ပျော်အောင် ငါလုပ်ပေးချင်ပါတယ်။"
________Jennieဆိုတဲ့မိန်းကလေးကတော့ အခုအငိုရပ်သွားခဲ့ပြီ။ ဒါပေမဲ့ သူမမျက်လုံးထဲမှာ မျက်ရည်တွေဝေဝဲနေဆဲ။ Jennie ဟာ taxiတစ်စီးကို ရပ်တားလိုက်တယ်။ ကားပေါ်ကို Jennieနဲ့အတူ Jiလည်း လိုက်တက်သွားခဲ့တယ်။ အရင်က အရမ်းကြိုက်လို့ အတူဆိုခဲ့ဖူးတဲ့ See you againသီချင်းက အခုတော့ taxiပေါ်မှာတင် Jennieကို ချုံးပွဲချ ငိုမိစေလေတယ်။
"ညီမ ဘာဖြစ်လို့လဲ" တဲ့ driverကမေးတယ်။
"ကျွန်မ...ကျွန်မအချစ်ရဆုံးသူငယ်ချင်း မကြာခင်ကပဲဆုံးသွားတာပါ...အခု...အခုသူ့ ဗိမ္မာန်ကို..သွား...သွားမလို့လေ..."
"Oh...ဒီသီချင်း ပိတ်ပေးရမလား"
"ရပါတယ်၊ မပိတ်ပါနဲ့...မပိတ်ပါနဲ့"
Sooဟာ သူမကိုပွေ့ဖက်ချင်နေမိတယ်။ သူမ လက်ကို ကိုင်ထားပေးချင်မိတယ်။ ဒါပေမဲ့လည်း...
______
YOU ARE READING
Short Stories BP Fanfic & OC [U+Z]
Fanfiction(Unicode) တချို့ storyတွေမှာ characters တွေအတွက် နာမည်အသစ်တွေ အမျိုးမျိုးသုံးသွားမှာပါ။ သို့သော် short storiesတိုင်းမှာ ပါတဲ့ အဓိကဇာတ်ဆောင်တွေနေရာမှာ BP membersများကို မြင်ယောင် ဖတ်ရှုနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ ဇာတ်လမ်းတိုင်းမှာ ဘယ်သူက ဘယ်memberဖ...