System 1001 (Arc.2.6)
"ဘာ!!!!"
"နားများမကောင်းလို့လားအရှင်!ရှန်သွဲ့ကို ရာထူးရုတ်သိမ်းပေးပါလို့!!!!"
ရှိုးကျီရဲ့ဒေါသတချို့ကြောင့် မျက်နှာဟာနီရဲနေတော့သည်။ရှန်သွဲ့ကိုသူပိုင်ဆိုင်လိုတာက ရှန်သွဲ့ရဲရုပ််ရည်ရူပကာကြောင့်သာမက မြင်မြင်ချင်းစုံမက်မိတာကြောင့်လည်းဖြစ်သည်။ ရှန်ဘုရင်နဲ့ဘုရင်မတောင်မီးရှို့သက်စေခဲ့ပြီးဝါဂွမ်းလိုနူးညံ့တဲ့ရှန်သွဲ့ကိုတော့ အသက်ဘေးချမ်းသာပေးခဲ့ကာ သူနဲ့အနီးဆုံးနေရာဖြစ်တဲ့ ကိုယ်လုပ်တော်နေရာမှာထားခဲ့တယ်…ဒါပေမယ့် ရှန်သွဲ့ကသူ့အပေါ်အမြဲတမ်းစက်ဆုပ်စွာကြည့်တာကို မနှစ်မြို့တာကြောင့် မှတ်လောက်သားလောက်အောင် အပယ်ဆောင်ထားခဲ့ပေမယ့် အကြောင်းကြောင်းတွေကကြားထဲမှာအများကြီးဖြစ်ပေါ်လာပြီပဲ
"ကောင်းပြီ အခုကစပြီးတရားဝင်ကြေငြာမယ်!
ကိုယ်လုပ်တော်ရှန်သွဲ့ကိုအခုကစပြီး ကိုယ်လုပ်တော်ရာထူးမှ စွန့်ပယ်ပေးလိုက်ပြီ!!!
ရွှေစခြောက်ခုနဲ့ငွေစ ၁၀၀ဆုတော်အဖြစ်ပေးလိုက်စေ""ကျေးဇူးကြီးမားလှပါတယ်အရှင်"
'အခုတော့ ကိုယ့်မှာမင်းကိုခေါ်ဖို့အင်အားမရှိတာမို့ငြိမ်နေလိုက်မယ် အချစ်တော်…တချိန်မှာ မင်းကကိုယ့်အပိုင်ပဲ'"ဒုတိယဖြစ်တဲ့ သူမကိုလည်းစည်းမျဉ်းစည်းကမ်းအတိုင်းဆောင်ရွက်ပြီးဆုတော်ချီးမြှင့်လိုက်"
ကျီဘုရင်ကမိန့်ကြားပြီးသည်နှင့် ပြန်သွားသည်။
မေးဘုရင်နဲ့လင်းဘုရင်ကတော့ စကားလက်ဆုံကျနေဆဲပင်။ယွဲ့ချင်း။သူမထင်ထားသလိုဖြစ်မလာတာကြောင့် ဒေါသတလိပ်လိပ်ထွက်နေသည်။ဘာလို့သူ့မျက်နှာကိုတောင်တစ်ချက်မကြည့်ရတာလဲအရှင်!သူတွေးထားသမျှ သဲထဲရေသွန်ပင်…
တောက်……စောက်ကောင် !!!ရှန်သွဲ့လည်းစင်ပေါ်ကဆင်းကာသူ့ချစ်သူကိုတစ်ချက်ကြည့်လိုက်သည်။ရှန်ပြည်သားတစ်ယောက်ဖြစ်တဲ့ကျင်းလိဆီကိုသွားနေချိန် ပြည်သူပြည်သားတွေဟာအရန်သင့်လမ်းဖယ်ပေးကြ၏။ဒဏ်ရာသက်သာစပြုနေတဲ့ ကျင်းလိဟာ အရှင်မင်းသားကိုတွေ့တော့ မတ်တပ်ရပ်ကာနှုတ်ဆက်ဖို့ပြင်ပေမယ့် နေမြဲအတိုင်းနေခိုင်းတာကြောင့် ပြန်ထိုင်လိုက်ရ၏။
BẠN ĐANG ĐỌC
System 1001
Phiêu lưuI love system fiction. So I creat one of the system fiction .This is my own story. Not translation or copyright