1.2

3.8K 444 18
                                    

System 1001 (2)

Unicode
'ဒုန်း.....ဒုန်း*'
"ဦးနုရေ......ဦးနု.......ဦးနု"

"ဟေ.....အေ.......လာပြီကွယ်.......လာပြီ
သခင်လေး ဘာများအရေးတကြီးကိစ္စရှိလို့ လဲ ညဘက်ကြီး ။ "

"ဟို.....ဟိုလေ.......ဦးမောင်ကို နှိုးပေးလို့ရမလား...ကျ......ကျတော် ညတွင်းချင်း C မြို့ကို သွားချင်လို့"

"မိုးချုပ်ဘက်ကြီးလား......အင်းပါကွယ် နှိုးပေးမယ်နော်....."

"ဟုတ်....ဒါဆို ကျတော်ပြန်ပြီး ပစ္စည်းထည့်လိုက်ဦးမယ်နော် ဦးနု။ အနှောင့်အယှက်ပေးမိပြန်ပြီ.....အိပ်ချိန်ကို...ဟီးဟီး"

"ရပါတယ်ကွယ်......ရပါတယ်"

ဦးနုဆီမှ ပြန်လာပြီး ပစ္စည်းတွေမထည့်ခင် ခြံထဲတစ်လျှောက်ပတ်ကြည့်နေလိုက်သည်။
'ဒီလောက်ချမ်းသာပြီး စာတော်တာကို ဟိုမသာဇာတ်လိုက်ကိုသာ မချစ်မိရင် သူက အနာဂတ်အမျိုးသားကောင်းလေးပါနော်........စိတ်ချပါ....မြင့်မိုရ်ယံ ။ မင်းရချင်တာတွေကို ငါဖြည့်စီးပေးမှာပါ'
လိုအပ်တာအနည်းအကျဥ်းကိုထည့်ပြီး အိတ်ကိုဆွဲကာ ခြံတံခါးဝဆီသို့ လျှောက်လာလိုက်သည်။
'ဘာလို့အိမ်ပေါက်ဝက...မစောင့်တာလဲမမေးနဲ့....မစောင့်ချင်လို့ မစောင့်တာ...ရှင်းလား!!!'

"ရပါပြီ....သခင်လေး......."

"ဟုတ်ကဲ့....ဦးမောင်"

ကားပေါ်တက်ပြီးသည်နှင့်....အိပ်စက်ခြင်းဆီသို့...........
.
.
.
.
.
.
.
"သခင်လေး.........ခင်ဗျ။ ရောက်ပါပြီဗျ
သခင်လေး....သခင်လေး!!! "

"အော်.....အင်း...........ဟီး ဦးမောင်..ကျေးဇူးပါ ဗျ"

"ကျတော်အိမ်ထဲကို လှမ်းခေါ်ပေးရဦးမလားခင်ဗျ"

"အာ....ရတယ်ဗျ......ရတယ်။ ကောင်းကောင်းပြန်ပါဗျ"

'ဟူး.....အိမ်ရှေ့ထိရောက်လာပြီ...ငါလေးက သူနဲ့ ဇာတ်လိုက်မကို အတူတူပေးနေစရာလားလို့...ဟဲဟဲ.....ငါလာပြီ...'

23/Aဆိုတဲ့ နံပါတ်တပ်ထားတဲ့ ခြံလေးနားကို သွားကာ လူခေါ်ဘဲလ်ကို နှိပ်လိုက်သည်။
တစ်ကြိမ်...ထွက်မလာ
နှစ်ကြိမ်....ထွက်မလာ

'ဂါး......သူတို့အိပ်နေကြတာလား။ ဟွန်း...။' လက်ကနာရီကိုကြည့်လိုက်မိတော့...မနက်၁နာရီ ၂၄ဟု ညွှန်းဆိုနေသည်။
'ဒီအချိန်မနိုးတာလည်း...အထူးအဆန်းမဟုတ်ပါဘူးလေ!...အွန်း...ဖုန်းခေါ်လိုက်,ရတာပဲကို '

System 1001Where stories live. Discover now