1.4

3.3K 393 19
                                    


Unicode

ကားပေါ်ကဆင်းပြီး နှစ်ထပ်အိမ်ပေါ်သို့ မိမိကိုယ်တိုင်ပင်ပွေ့ကာ ခေါ်သွားလိုက်သည်။ အိပ်ယာထက်ပေါ်သေချာစွာချပေးပြီး အပူလောင်သွားတဲ့လက်ကလေးကိုကြည့်မိလိုက်သည်။အညိုရောင်ဘက်ကိုတောင်သန်းကာ ဖူးရောင်နေသည်။ ဒီကလေးအရမ်းနုတာပဲ။ ဒဏ်ရာရထားတဲ့လက်ဖဝါးနုပေါ် ချိုမြိန်တဲ့အနမ်းတစ်ခုခြွေချပြီးနောက် ဗီရိုထဲမှ ဆေးသေတ္တာကိုထုတ်လိုက်သည်။ ထို့နောက်လက်လေးပေည်သို့ဂွမ်းစကိုအရက်ပြန်နှင့်စွတ်ကာသန့်စင်ပေးပြီး ဆေးထည့်ကာ ပတ်တီးစည်းပေးလိုက်သည်။ နာကျင်မှုကြောင့်လားမသိ မေ့လဲနေတာတောင် လက်ကလေးတစ်ချက်တွန့်သွားပြီး မျက်နှာရှုံ့နေသည်။
ထို့နောက် ကောင်လေးအတွက်ဆန်ပြုတ်ပြုတ်ထားဖို့အတွက် မီးဖိုခန်းဆီလျှောက်လှမ်းလိုက်သည်။
နေပါဦး!!!!!!!!!!!သူမှမချက်တက်တာ
မေမေရော!မေ့နေတာ သူဝင်လာတည်းကမေ့မေ့ကိုမတွေ့မိတာ!အရေးရယ်အကြောင်းရယ်ဆိုမေမေကဘယ်သွားနေတာလဲမသိဘူး။ ဖုန်းဆက်မေးကြည့်ရင်ကောင်းမလား......ဟူး ဖုန်းကအခန်းထဲကျန်ခဲ့ပြန်ပြီ! ဖုန်းကိုယူဖို့အတွက်အခန်းထဲကိုပြန်လည်လှမ်းလိုက်သည်။ ဖုန်းယူပြီးပြန်လှည့်ထွက်မည်လုပ်ပေမယ့် ဆွဲထားတဲ့လက်တစ်စုံကြောင့်ပြန်လှည့်ကြည့်မိတော့ ယံလေး

"ကိုကို......ယံလေးကိုမထားခဲ့ပါနဲ့နော်
နောက်ကိုမဆိုးတော့ပါဘူး"

'ဟင်.....ယံလေးက သတိမေ့နေတာတောင် သူ့ကိုခေါ်နေတာလား'ရင်ထဲမှာအနွေးလှိုင်းလေးတစ်ခုဖြတ်သန်းစီးဆင်းသွားသည်။
အပြင်မထွက်တော့ဘဲ ကုတင်ပေါ်ထိုင်လိုက်ပြီးယံလေးရဲ့လက်ကိုပြန်လည်ဆုပ်ကိုင်လိုက်ပြီး

"ယံလေး....ကိုကိုရှိတယ်နော်
ကိုကိုဘယ်မှမသွားဘူး......တိတ်တိတ်"
သူ့စကားဆုံးသည်နှင့် လက်တွေက သူ့ခါးပေါ်ရစ်ပတ်လာပြီး ကိုယ်လုံးလေးကလည်းသူ့ရင်ခွင်ထဲပစ်ဝင်လာသည်။မသိလျှင်..အမေကိုထွက်သွားမှာစိုးသည့်အလားဖက်ထားသလို...........
ဖက်ထားတာကြောင့် ယံလေးရဲ့ခန္ဓာကိုယ်မသက်မသာဖြစ်မှာဆိုးတာကြောင့် ယံလေးရဲ့ခန္ဓာကိုယ်ကို သေချာပြင်ပေးလိုက်ပြီး အိပ်ယာထက်၌ အိပ်စေသည်။လက်လွှတ်မည်ကြံတော့ ယံလေးက တအင့်အင့်ညည်းပြီး ဆုပ်ကိုင်ထားတာကြောင့် သူပါအတူဝင်လှဲလိုက်သည်။ သူဝင်လှဲတာနဲ့တစ်ပြိုင်နက် ထိုကလေးက သူ့ရင်ခွင်ထဲဝင်ပြီး သူ့ကိုပါကျစ်ကျစ်ပါအောင်ဖက်ထားသေးတာ။ရင်တွေအဆမတန်ခုန်ရင်းအိပ်ပျော်သွားတော့မှ ရင်ခွင်ထဲက ကောင်လေးကလည်း ခပ်ရေးရေးပြုံးရင်း ပြန်လည်အိပ်စက်လိုက်သည်။

System 1001Hikayelerin yaşadığı yer. Şimdi keşfedin