1.7

2.9K 342 20
                                    

Unicode

လှပသောအိမ်တော်ကြီးထဲတွင် ၈နှစ်အရွယ်ကလေးမလေးတစ်ယောက်ထဲငူငူငိုင်ငိုင်ကြီးထိုင်ကာ ကျွန်းစားပွဲကြီးကိုသာ တွေတွေကြီးငေးကြည့်နေသည်။ မိဘနှစ်ပါးမှာလည်း သူတို့ရဲ့တစ်ဦးတည်းသောမျိုးဆက်ဖြစ်တဲ့ကလေးမလေးကိုကြည့်ကာ ဝမ်းနည်းနေကြသည်။ အကြောင်းမူကား ဒေါ်သင်းပျံ့ဆိုသူမှာ သင်းရတီနုဟူသောသမီးတစ်ယောက်ဖွားမြင်ပြီးသည့်နောက် အခန့်မသင့်၍ သားအိမ်ကိုပါထုတ်ပစ်လိုက်ရသည်။ တစ်ဦးတည်းသောသမီးလေးဖြစ်တာကြောင့်မိဘနှစ်ပါးလုံးက လိုလေသေးမရှိအောင်ထားပါသော်ငြား ထိုကလေးမက စကားပြောတတ်စအရွယ်တည်းက ညမလေးလိုချင်သည်တဲ့လေ။ partyတွေရှိလို့ခေါ်သွားရင်းကလေးသေးသေးလေးတွေတွေ့ပြီဆိုရင် သူ့အနားမှာသာထားကာ ပြန်မည်ဆိုလျှင်လည်း ရှိုက်ကြီးတငင်ငိုတတ်သေးသည်။ သို့ကြောင့်လည်း သူတို့သမီးလေးကိုအပြင်မထွက်စေတော့ဘဲ အိမ်ကြီးထဲတွင်သာ အကျယ်ချုပ်အနေမျိုးနဲ့လိုချင်တာမှန်သမျှပြုလုပ်ပေးလေ့ရှိသည်။ အင်း.......ညမလေးတစ်ယောက်ကလွဲလို့ပေါ့ ။ အခုလည်းသမီးလေးကအရုပ်တစ်ရုပ်လိုမျိုးပြုမူနေသည်။၈နှစ်သမီးအရွယ်ကလေးမှာ လွတ်လပ်ပြီးချစ်စရာကောင်းမှုတွေမရှိဘဲ သေဒဏ်ပေးခံရတဲ့အကျဥ်းသားတွေလိုငေးငိုင်နေတတ်သည်။ လင်မယားနှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ရင်း သက်ပြင်းအခါခါချနေမိသည်။ ငေးငိုင်နေတဲ့သမီးလေးအနားကိုသွားကာ ဒေါ်သင်းပျံ့က ပွေ့ချီကာပေါင်ပေါ်တင်လိုက်သည်။

"သမီးလေး.........သင်း"
သူမကနာမည်ခေါ်သော်ငြား ပြန်မဖြေဘဲရှေ့ကိုသာငေးကြည့်နေသည်။
"..."

"သမီးလေး ညမလေးတကယ်လိုချင်တာလား?"
ထိုစဥ် တလက်လက်တောက်ပနေတဲ့မျက်ဝန်းတွေနဲ့ကလေးမလေးက သူမမိခင်ကိုကြည့်လာသည်။

"မေ....တကယ်လားဟင်?သမီး....ညမလေးတစ်ယောက်အားကြီးလိုချင်တာ"

"သမီးသာညမလေးရသွားရင် သမီးရဲ့မုန့်တွေအကုန်ကျွေးရမှာနော်။ နောက်ပြီးသမီးလေးအရုပ်တွေကိုလည်းသူ့ကိုပေးလိုက်ရမှာနော်...ဘယ်လိုလဲ"

"ညမလေးသာရမယ်ဆိုရင် သမီးအကုန်ပေးမယ် မေ.....ညမလေးလိုချင်တယ်"

System 1001Where stories live. Discover now