2.4

1.3K 175 7
                                    

System 1001(2.4)

ကန်ရေပြင်အလှကိုရှုစားနေရင်း သွေးစက်လက်နဲ့ရောက်လာတဲ့လူတစ်ယောက်ကြောင့် ကိုယ်ရံတော်နှစ်ယောက်က ချက်ချင်းပင်အသင့်အနေအထားဖြင့်။
ကိုယ့်ရှေ့ရောက်ချိန် မေးတာတောင်မဆုံး‌လိုက်
ပျော့ခွေသွားတာကြောင့် မြေပြင်နှင့်အထိမနာအောင် လှမ်းဖမ်းလိုက်၏။မည်သူမည်ဝါဆိုတာမသိပေမယ့် သူ့ဝိဉာဏ်ကအတော်လေးကို ထိုသူနှင့်ရင်းနှီးနေဟန် ။ရွှေကနုတ်တွေနဲ့စီချယ်ထားတဲ့ နဂါးဝတ်ရုံကို ကိုယ်ရံတော်တစ်ယောက်ကို ကိုင်စေကာ သူကိုယ်တိုင်ပင် ထိုလူသားကို'ထန်းဟွာ'ဆောင်ဖြစ်တဲ့ ဧည့်ဆောင်ကိုသယ်လာလိုက်သည်။ကုတင်ပေါ်ကိုအသာချပေးကာ ကိုယ်ရံတော်ချန်းကို ရေဇလုံတစ်ခုယူခိုင်းလိုက်သည်။

"ချန်း ကိုယ်တော့အတွက်ရေဇလုံတစ်ခုယူပေး"

"ဟုတ်ကဲ့ပါ အရှင်… အဝတ်အစားလဲဦးမလား?"

"နေပါစေတော့"

အေး‌စက်စွာနေပြီး အသန့်ကြိုက်လွန်းတဲ့သူတို့ရဲ့ဘုရင်ကြီးဟာ ဒီနေ့တော်တော်ထူးဆန်းနေသည်။ညစ်ပတ်နေတဲ့လူတစ်ယောက်ကိုလည်းကိုယ်တိုင်သယ်ကာ သူ့အိပ်ဆောင်ကိုပေးနေသေးသည်။ရေပတ်ဝတ်တိုက်ပေးကာ သူ့ဝတ်စုံတစ်စုံကိုလည်းလဲလှယ်ပေးသေးသည်။လင်းဘုရင်အသန့်ကြိုက်သည်ကိုသူတို့ကအသိဆုံးပင်!ငယ်ငယ်တည်းကအတူပေါင်းလာခဲ့တဲ့ သူတို့ကလွဲလို့သူ့အဝတ်အစားကိုမည်သူတစ်ဦးတစ်ယောက်ကိုမျှမကိုင်ခိုင်းခဲ့!!

တစ်နာရီနီးပါးကြာမြင့်ပြီးတဲ့အခါ အနှီလူသားကနိုးလာခဲ့သည်။
"ကျတော်ဘယ်ကိုရောက်နေတာလဲ"

"ထန်းဟွာဆောင်!!!"
ဘေးနားကအသံခပ်အောအောကြောင့် ရှန်သွဲ့လန့်သွားသည်။အဝတ်အစားတွေကလည်းပြောင်းနေတာကြောင့်ထိုလူ့ကိုမလုံမလဲကြည့်လိုက်တော့ တည်တင်းနေတဲ့မျက်နှာထားကိုသာတွေ့ရသည်။မျက်ဝန်းထဲက စိုးရိမ်မှုအနည်းငယ်ကိုတွေ့တော့ သူ့နှလုံးသားလေးနွေးထွေးသွားရသည်။
ဒီခံစားချက်ကြီးသူကောင်းကောင်းသိနေပါတယ်
မဟုတ်မှလွဲရော!!!!! ကိုကိုများလား???

"အခုလိုကူညီပေးတာကျေးဇူးတင်ပါတယ်
ရှန်အာနောက်ရက်မှပဲကျေးဇူးပြန်ဆပ်ပါတော့မယ် အခုရှန်အာ့ကိုကူညီတဲ့သူရဲ့အမည်နာမများသိခွင့်ရှိမလား?"

System 1001Donde viven las historias. Descúbrelo ahora