1.9

2.7K 310 20
                                    

System 1001(patr-9)

[Host....
Hostရေ......Hostထပါဦးလို့]
Systemခမျာသူ့ရဲ့ကြုံရာကျပန်းအိပ်တတ်တဲ့hostကိုနှိုးရင်းအပင်ပန်းကြီးပင်ပန်းနေတော့သည်။missionလုပ်ဖို့လာတာလား?အိပ်ဖို့လာတာလား...မသဲကွဲတော့ပေ!
Jozyရဲ့ခဏခဏအော်သံကြောင့် ကစားကွင်းထဲမှာအိပ်ပျော်နေတဲ့ယံလေးလည်းလှုပ်လိလှုပ်လဲ့နဲ့နိုးလာတော့သည်။
လက်နှစ်ဖက်ကိုဆန့်ကားရင်းအပျင်းကြောဆန့်လိုက်ပြီးမှ မျက်ဝန်းတို့ကိုပြန်လည်မှိတ်ချလိုက်သည်။

[Hostအစုတ်ပလုတ်ကတော့..... !!!!
သနားစရာတစိမှမရှိဘူး...ဟွန်း
ကြာရင်ငါလေးအသက်တိုရချည်ရဲ့...Host
Hostနောက်မှာ...ကြွက်ကြီး!!!!]
Jozyရဲ့စူးရှရှအော်သံကြောင့်အိပ်မှုံစုံဝါးဖြစ်နေတဲ့မျက်ဝန်းတွေဟာပြန်လည်မှိတ်ကျလို့သွားပေမယ့် ကြွက်ဆိုတဲ့အသံကြောင့် သူ့ရဲ့သစ္စာရှိလှတဲ့မျက်လုံးတွေကချက်ခြင်းပင်ပြူးကျယ်လာတော့သည်။
'အား....!!!
ဘယ်...ဘယ်မှာလဲ? '

[မရှိတော့ဘူး..... ထွက်ပြေးသွားပြီ!
Hostရယ်စိတ်ကောက်တာလည်းကောက်တာပေါ့နော်...Mission လုပ်ရဦးမယ်လေ!မဟုတ်ရင်...အထက်ကနေHostရဲ့ကောက်နေတဲ့ခေါက်ဆွဲခြောက်လိုစိတ်ကြီးကို ရေနွေးပြုတ်ပစ်လိမ့်မယ်...ကြားထဲကSystemလေးကပါ အရသာမှုန့်ဖြစ်နေပါဦးမယ်!!!]

'ရိုးရိုးပြောရင်....မင်းဖင်ငါတက်လုပ်မှာဆိုးလို့လား!!!'

[အယ်....Hostတအားရိုင်းတာပဲ
စေတနာပလပွနဲ့ပြောပေးတာကို တော်ပြီ...စိတ်ဆိုးသွားပြီ မနက်ဖြန်မှပြန်လာခဲ့မယ်...Hostဖာသာနေချင်သလိုနေ နောက်မှJozyလေးရေလာမခေါ်နဲ့...မရှိတဲ့ဖင်နဲ့တက်ဖိပစ်မယ်!!]

'.....'

'Jozy...........
Systemmmmmm......'
တစ်ဖက်ကဘယ်လိုခေါ်ခေါ်ပြန်ဖြေသံမကြားတော့တာကြောင့် မြင့်မိုရ်ယံလည်းအပြင်ဘက်ကိုကြည့်လိုက်သည်။
ပန်းခြံလေးကလူသွားလူလာရှင်းလင်းနေပြီး မိုးရွာထားတာကြောင့်တချို့နေရာလေးတွေမှာ... ဗွက်အိုင်ငယ်လေးတွေပင်ထလို့နေသည်။ ကုတ်အင်္ကျီကိုသေချာပြင်ဝတ်လိုက်ပြီး တြိဂံပုံအိမ်လေးထဲကနေထွက်လာလိုက်သည်။ ကောင်းကင်ကမှောင်စပြုနေတာကြောင့် မကြာမှီညရောက်တော့မည်ဆိုတာကိုခန့်မှန်းမိသည်။
(A/N-တော်တော်ကျွမ်းကျင်ပညာရှင်ကြီးပဲ: -P)
'အခုဘာဆက်လုပ်ရတော့မှာလဲ...အိမ်ပြန်ရမှာလား?Barကိုပဲသွားရမှာလား?ငါလူး...လမ်းပျောက်နေပြီဟ'စိတ်ညစ်ညစ်နဲ့လေပူတစ်ချို့ကိုမှုတ်ထုတ်လိုက်ရင်း လက်နှစ်ဖက်ကို ဘေးအိပ်ကဒ်ထဲကိုထည့်လိုက်သည်။ ခပ်မာမာလေးထောင့်ပြားလေးတစ်ခုကိုစမ်းမိလိုက်တာကြောင့် မျက်လုံးတွေဘလင်းဘလင်းထသွားသည်။
သူ့မှာ...ဘဲကြီးပေးထားတဲ့ကဒ်ရှိသေးတာပဲ..အဟိဟိ!!မေ့နေလိုက်တာများ။
နီးစပ်ရာTaxiကိုတားကာ Best Barကိုဦးတည်ကာမောင်းနှင်ခိုင်းလိုက်သည်။


System 1001Where stories live. Discover now