1.6

3.1K 346 12
                                    

System 1001 Part-6

'Jozy.. မင်းကိုငါမေးစရာရှိတယ်'

[ကြိုက်လိုက်တာ....ဟိဟိ]
ကိုယ်ပြောတာတစ်ခြား..သူတွေတာတစ်ခြားနဲ့ ဒီsystemစိတ်တွေဘယ်သဝေထိုးနေသလဲမသိ။

'Jozy!!!! မင့်အဖေငါခေါ်နေတယ်လို့'

[အမလေး Hostရယ်....ဖြေးဖြေးသာသာခေါ်ပါ...တကတည်းပဲ...ဟွန့်.....ဘာလဲ ဘာလဲ...ဘာလဲ..... ပြော]

'ဇာတ်လိုက်က....ဇာတ်လိုက်မကို စိတ်ပျက်သွားပြီမဟုတ်လား...Side mission ကဘာလို့မအောင်သေးရတာလဲ'

[ဒါက....ဒီလိုရှိပါတယ်Host......အရမ်းကြီးစိတ်ပျက်တာမဟုတ်ပဲနဲ့ လမ်းကြုံသလိုစိတ်ပျက်မှုမျိုးဖြစ်နေလို့ အထက်ကတာဝန်မပြီးသေးတာလို့ ပြောပါတယ်]

'ဪ......အေးပေါ့လေ
မင်းတို့ခေတ်ဆိုတော့....ဒီကကောင်ကိုနှိပ်ဆက်ကြပေါ့...ဟွန့်......ဒါနဲ့ ဇာတ်လိုက်မကအခုဘယ်မှာလဲ...ဘာလုပ်နေလဲ'

[သူက....အခု ဒီနဲ့မနီးမဝေးမှာရှိတဲ့ 'Jie'ဆိုတဲ့ Mallမှာပါ ]

'အင်း......ကောင်းတာပေါ့'
သူ့ Hostရဲ့ အပြုံးကြီးက systemလေးမှာရှိတဲ့အမွှေးမှန်သမျှတောင်ထောင်သွားရသည်။ အိစ်.....ကြက်သီးထလိုက်တာနော်!!
(ဘာအမွှေးလည်းလာမမေးနဲ့....လိုရာဆွဲတွေးကျန်းမာရေးပဲ...ငှဲငှဲ)

"အင်း......စားပြီးပြီဆိုတော့....အိမ်ပြန်တော့မလား? ဘယ်သွားချင်သေးလဲ"

"ကျတော်....shoppingထွက်ဦးမယ်။ ကိုကိုလိုက်ပို့ပေးနော်....ပြီးရင်ကိုကို ကျတော့ကိုကျေးဇူးကျွေးပြန်ဆပ်ရမယ်"

"ဪ....အဲ့လိုလား
နောက်ဆိုရင် ကျေးဇူးခဏခဏတင်ရအောင်လုပ်ရမလားပဲ"

"ဟာ.........ကိုကို့"

စတော်ဘယ်ရီဖျော်ရည်ကိုငုံရင်းရဲတက်သွားတဲ့မျက်နှာလေးက မြတ်နိုးဖွယ်အတိ။
ဆူထွက်လာတဲ့နှုတ်ခမ်းလေးကလည်း ယစ်မူးဖို့ကောင်းလိုက်တာ....ကိုယ်တော့ရူးပြီကွာ.......

"အင်းပါ.....အင်းပါ
ကိုကိုမစတော့ဘူးဟုတ်ပြီလား...ဟားဟား
လာ.....သွားကြမယ်လေ....ယံလေးလိုချင်တာအကုန်ဝယ်ပေးမှာပေါ့"

"ဟုတ်"

စားသောက်ဆိုင်ကနေ ထွက်လာကာ ကားပေါ်တက်ကာ အနီးစပ်ဆုံးMallဖြစ်တဲ့ Jie Mallကို ကားလမ်းကြောင်းကိုဦးတည်လိုက်သည်။ ကားပေါ်ကိုရောက်ပြန်တော့လည်း စောနကဖြစ်ပျက်ခဲ့တာတွေအကုန်လုံးကို တကယ့်ကို မယုံနိုင်လောက်အောင်ကိုပါပဲ.......ဒါပေမယ့် ကိုယ်ကသာချစ်နေရတာ ဖြူစင်တဲ့ညီကိုအချစ်ကိုအရောင်တွေစွန်းထင်းစေခဲ့မိတာ။ တကယ်ဆို သူနဲ့ကိုယ်နဲ့က တကယ့်ညီကိုအရင်းတွေလေ.....ဒီစည်းကြီးကိုဘယ်လိုများထိုးဖောက်ရမှာလာ.....စိတ်ပျက်လိုက်တာ!!!

System 1001Où les histoires vivent. Découvrez maintenant