1.3

3.6K 427 46
                                    

တရွေ့ရွေ့နှင့် နာရီဝက်နီးပါး မောင်းနှင်ပြီးနောက် !အဲလေ..... လိုက်အိပ်ပြီးနောက် ဇာတ်လိုက်မတို့နေရာ အိမ်ဆီကို ရောက်ရှိလာသည်။ အိမ်ထဲမဝင်ခင် ကိုကို့ဆီမှ သူ့လက်အောက်ငယ်သားတွေကို ph ခေါ်ကာ အပြင်အဆင်ပိုင်းဆိုင်ရာတွေကို စကားပြောနေသည်။ ဒါဆို ငါကရော.....နားကြပ်တပ်ရင်း မုန့်စားနေတယ်လေ.......ကူညီချင်လို့ပါ... ဟဲဟဲ
ဖုန်းပြောပြီး ကိုယ့်ဘက်ကို တစ်ချက်သာလှည့်ကြည့်ပြီး ကားပေါ်ကဆင်းရန်နေပြင်တာကြောင့်.......

"ကိုကို!!! "

"အင်း....."

"ကျ -ကျတော့ကို စိတ်ဆိုးနေတာလား?"

"အင်း...........မဆိုးပါဘူး "
ကိုယ်ကတကယ်တော့ သူ့ကိုအိမ်မှာနားစေချင်တာလေ!ဒါကိုဒီကောင်လေးက အတင်းလိုက်လာတာဆိုတော့ ကျတော်စိတ်ဆိုးခွင့်ရှိတယ်မဟုတ်လား?

"တောင်း.....တောင်းပန်......ပါ.....တယ်
ကိုကို....အဟင့် ။ ကျ-ကျတော်က... ဒီအတိုင်း......."

ကျစ်....ဘာလေးလဲကွာ....ကိုယ်စိတ်မဆိုးပါဘူးဆိုတာကို အတင်းကာရော မျက်ရည်တွေကျနေလိုက်တာများ....
ယံလေးမှဟုတ်ရဲ့လား!!!

"မဆိုးဘူးလို့ပြောနေတယ်လေ"

"မ-မဖြစ်နိုင်ဘူး။
ကိုကို-ကိုကိုက ကျတော့ကိုတစ်လမ်းလုံးလည်းစကားမပြောဘူး။ အခုလည်းစိတ်မဆိုးဘူးဆိုပေမယ့်...........*sob "

ဘာရယ်ကြောင့်မှန်းမသိ ဒီရက်ပိုင်းရင်ဘက်ကတစ်ခုခုတော့ တစ်ခုခုပဲ! မနေ့ကလည်း နှလုံးခုန်တွေမြန်နေတယ်။အခုလည်း ဆူးခနဲရင်ထဲအောင့်အောင့်နေပြန်ပြီ......ပြန်ရောက်ရင် ဆေးခန်းပြရဦးမယ်။လက်ဖဝါးနှစ်ဖက်ကို ယံလေးပုခုံးပေါ်တင်ကာ မျက်လုံးတွေကို တည့်တည့်ကြည့်စေလိုက်သည်။

"ယံလေး......ကိုကိုပြောပြမယ်! သေချာနားထောင်နော်....ကိုကိုက ဒီအတိုင်းယံလေးနေမကောင်းဖြစ်မှာဆိုးလို့
မလိုက်စေချင်တာ.....တော်တော့နော်
တိတ်တိတ်.....အငိုများသွားရင် ခေါင်းကိုက်လာမယ်....တိတ်နော်....ကိုကို့ညီလေးက အလိမ္မာဆုံးပဲ မဟုတ်လား?
အင့် "

ဒီကောင်လေး မတွေ့ရတဲ့ရက်တွေမှာ လူရဲ့ရင်ခွင်ထဲပစ်ဝင်ရတာတော်တော်ကြိုက်ပုံရတယ်။ အခုလည်း ရင်ခွင်ထဲပစ်ဝင်ပြန်သည်။အိို.....ဒီရောဂါကလည်းတမျိုး နှလုံးခုန်မြန်ပြီးသေမလားပဲ"

System 1001Where stories live. Discover now