1.10

2.7K 320 42
                                    

System 1001-Ch.10

'What the fuck!!!ဘယ်လိုလုပ်သင့်လဲ
ဘာလုပ်ရင်ကောင်းမလဲ....ချီးပဲ!!!'

"မင်းကောသောက်ဦးမလား?"

"ကျတော်မသောက်တော့ဘူး"

"အင်း"
လေပွေက ကော့တေးခွက်ကိုမြှောက်ကာသောက်ရင်းစကားဆိုလာသည်။ခွက်ထဲမှာကစိတ်ကြွဆေး!ဇာတ်လိုက်မ မဟုတ်တဲ့ဖူးစာရှင်!ချီးပဲ..သောက်စစ်စတမ်!
ပတ်ဝန်းကျင်ကိုလိုက်လံရှာကြည့်သော်လည်းဒူးပေါ်ပေါင်ပေါ်အဝတ်အစားတွေနဲ့နှုတ်ခမ်းနီတာရဲမများကိုသာစိတ်ပျက်ဖွယ်တွေ့ရလေသည်။ရီဝေဝေဖြစ်နေတဲ့ကိုလေပွေဘေးနားပေါ်လာသူက ဖြူဖွေးဖွေးအသားအရေနဲ့အတူပါးချိုင့်နက်ကြီးတွေကိုပိုင်ဆိုင်တဲ့ကိုလေပွေ့သူငယ်ချင်းမင်းမာန်ဆိုသူဖြစ်သည်။ မြင့်မိုရ်ယံကတော့ အကြံဇိုးကြီးဖြင့်ပြုံးလိုက်ရင်း အပျော်ကြီးပျော်နေရှာသည်။
"ဒါပဲလေ...ဖူးစာရှင် is အချိန်မှန်နေရာမှန်!"

"အကိုရေ.....ကိုလေပွေကိုခေါ်သွားလို့ရမလား?ခေါင်းမထောင်နိုင်တော့ဘူးထင်တယ်...ဟီးဟီး!"

"အာ....ဒီကောင်တော့ကွာ ကလေးကိုဒုက္ခပေးပြန်ပြီ..ရတယ်ရတယ်.......အကိုခေါ်သွားပေးမယ်..."

လေပွေကိုသိုင်းပြီးခေါ်သွားတာကိုကြည့်ရင်းကော့တေးတစ်ဝက်ကျန်သေးတဲ့ခွက်ကိုဘေးဘက်ကိုထားလိုက်ရင်းကိုကာသောက်ကာသံစဥ်တွေကြားငြိမ့်နေလိုက်သည်။
.
.
.
.
.
.
နေ့လည်ခင်းထဲကငိုပြီးထွက်သွားတဲ့ကောင်လေးကြောင့်ငူငူကြီးခြေမကိုင်မိလက်မကိုင်မိထိုင်မိနေတာဘယ်အချိန်မှန်းမသိတော့....ဘာလို့...ဘာလို့လဲ???
သူ့လုပ်ရပ်တွေအရမ်းလွန်သွားခဲ့ပြီလား?ကိုကိုလို့အမြဲခေါ်တတ်ပြီးသူ့အပေါ်နဂိုကထက်တွယ်တာလာတဲ့ကောင်လေးကိုသူအခုဘာလုပ်မိတာလဲ!!ကိုယ့်ညီအရင်းခေါက်ခေါက်ကိုလေ............
မျက်ဝန်းတို့ကမျက်ရည်စတို့ကိုလစ်လျူရှုထားလိုက်ရင်း...မကျေနပ်ချက်တွေကိုတန်းစီကာနံရံကိုလက်သီးပေါင်းများစွာထိုးနေမိသည်။ဖြူလွှလွှနံရံလေးဟာ...အခုဆို အနီရင့်ရောင်သွေးကွက်တို့စွန်းထင်းနေလေသည်။ ယောက်ျားဖြစ်ပြီးမျက်ရည်မကျရဘူးဆိုတဲ့စကား! ကျတော်ဘယ်ကျချင်ပါ့မလဲ... ဝဲဘက်ရင်အုံတစ်ခုလုံးကတင်းကျပ်နေခဲ့တာ
ယံလေးရဲ့အကြည့်တွေကိုပြန်တွေးတိုင်း...ကိုယ့်ကိုကိုယ်လူမှဟုတ်သေးရဲ့လားလို့မေးခွန်းတွေဆန်းစစ်မိတယ်!ယောက်ျားချင်းဆိုတဲ့စည်းအပြင် ညီအကိုဆိုတဲ့တံတိုင်းက ထပ်မံကာစီးထားပြန်သေးသည်။ ဘယ်ဘဝဝဋ်ကျွေးကြောင့်များကျတော့အပေါ်ဒီလောက်ရက်စက်နိုင်ရတာလဲ.......! !
(A/N-ငါ့ကလေးလေးသနားလိုက်တာ
ငမွှေထိုးယံလေးက ကလပ်မှာကမြင်းနေပြီးငါ့ကလေးကငိုနေရတယ်...*^sob^*)

System 1001Tempat cerita menjadi hidup. Temukan sekarang