1(U)

23.8K 1K 8
                                    


Only you,Μàùñĝ... part(1)

လူဦးရေသိပ်သည်း ထူထပ်ပြီး စီးပွားရေးအချက်အချာကျလှသော ရန်ကုန်မြို့ ။ မိမိနှင့် မိသားစု တစ်ဝမ်းတစ်ခါးအတွက် အလုပ်လုပ်နေကြတဲ့ လူတွေ လမ်းပေါ်တွင် ပျားပန်းခတ်သလို အများအပြား။

ဆောင်းဝင်နေပြီမို့ ညနေစောင်းအချိန်အခါလေးက အေးစိမ့်စိမ့််လေးနဲ့ လမ်းလျှောက်ဖို့ အလွန်ကောင်းသည်။ ညနေစောင်းဖြစ်သောကြောင့် အလုပ်ကပြန်လာသူတွေ လမ်းမပေါ်တွင်ပြည့်နှက်နေသည်။

ဖွင့်ထားသော ကိုယ်ပိုင် Cafe ဆိုင်လေးကို ပိတ်ကာ လှည်းတန်းကုန်းကျော်တံတားပေါ်က ဆင်းလိုက်ပြီး သိပ်မဝေးတော့တဲ့ မိမိရဲ့အိမ်လေးကို အတွေးတစ်ခုဖြင့် ပြန်လာသည်။

* ဘာလိုလိုနဲ့ မောင်နဲ့မတွေ့ရတာတောင်နှစ်ပတ်ကျော်ပြီ ဟူးး ..မောင်ဘာတွေလုပ်နေတာလဲ ဘယ်တွေများရောက်နေတာလဲ မောင်ရယ် *

ရိပ် ရဲ့ ချစ်ရပါသော မောင် ဆိုတဲ့ လူသားအကြောင်းကိုတွေးပြီး လမ်းလျှောက်နေစဉ် သူ့ဘေးမှာ လာရပ်သော ကားအနက်တစ်စီး။ ပြောင်လက်နေပြီး အထက်တန်းစားတွေသာ စီးနိုင်တဲ့ ကားမျိုး ဖြစ်တဲ့အတွက် ကြောင့် သူ ခတ္တမျှငေးပြီး ကြည့်နေစဉ် ကားထဲမှ လူနှစ်ယောက် ထွက်လာသည်။

နှစ်ယောက်လုံးက ထောင်ထောင်မောင်းမောင်း သန်သန်မာမာတွေဖြစ်သည်။ အနက်ရောင် suit တူညီဝတ်စုံတွေဝတ်ဆင်ထားကြသောကြောင့် bodyguard ဖြစ်ဟန်တူသည်။

ထိုလူနှစ်ယောက်ထဲက တစ်ယောက်က စကားစပြောသည်။

"အကိုလေးရိပ်ရောင်ပြန် ကျွန်တော်တို့နဲ့ ခဏလောက်လိုက်ခဲ့ပေးပါ"

ဟင် ..ဘာတွေ လာပြောနေတာလဲ။ ဘာလို့ အကိုလေးလို့ခေါ်နေတာလဲ ။ ငါလဲ သူတို့ကို မသိပါဘူး။လူမှားတယ်လို့ပြောရအောင်လဲ သူ့နာမည်ကို အတိအကျသိနေသောကြောင့် မဖြစ်နိုင်။

"ခဗျားတို့ကို ကျွန်တော် မသိဘူး။ ပြီးတော့ ခဗျားတို့နဲ့လဲ ကျွန်တော် မလိုက်နိုင်ဘူး"

"အနုနည်းနဲ့ ခေါ်လို့မရရင် အကြမ်းနည်းသုံးပြီးဘဲ ဖြစ်ဖြစ်ရအောင် ခေါ်လာခဲ့ပါလို့ သခင်ကြီးက မှာလိုက်ပါတယ်"

Only u,Màùñĝ [completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ