7(U)

12.3K 738 2
                                    

Only u Maung
Part7

ထမင်းစားခန်းထဲတွင် ညစာ စားနေသော လူလေးယောက်။

ဇွန်းသံခွက်သံတို့ လောက်သာ ရှိသည်။ တစ်ခါတစ်ရံ မယ်မယ်ကြီးက ရိပ်ကို ဟင်းတွေ ထည့်ပြီး စကားပြောနေတာလောက်သာ ကြားရသည်။ အသက်မပါသော ထမင်းစားဝိုင်းကို ပြပါဟုဆိုလျှင် မဟာစံအိမ်တော်ရဲ့ ထမင်းစားဝိုင်းကို ပြရမည်ဖြစ်သည်။

နေမကောင်းချင်သလိုဖြစ်နေသောကြောင့် ရိပ် ထမင်းကို စားသည်ဆုံရုံသာစားသည်။

"သားရိပ် ထမင်းစားတာနဲလိုက်တာ နေမကောင်းဘူးလား ခုရက်ပိုင်း သားကိုကြည့်ရတာ အားမရလိုက်တာကွယ်"

"ကောင်းပါတယ် မယ်မယ် စိတ်မပူပါနဲ့နော်"

ဒေါ်နန်းမဟာမြိုင် လဲ ပြုံးသာပြုံးပြလိုက်နိုင်သည်။

သားတော်မောင်ကို ကြည့်လိုက်တော့ တစ်ချက်သာ ခေါင်းမော့လာပြီး ပြန်ငုံ့သွားသည်။

ရိပ် အခုလိုဖြစ်နေတာကို ကြည့်ပြီး စိတ်မကောင်း။ သားတော်မောင်ကလဲ တအားခေါင်းကြောမာသောကြောင့် သူပြောလဲရမှာမဟုတ်။

ငယ်ငယ်လေးကထဲက အလိုလိုက်ထားသောကြောင့် တစ်စွတ်ထိုးလုပ်တတ်သည်။ စစဖြစ်ချင်းတုန်းကတော့ အတိုက်အခံ ပြောသည်။ အိမ်ထောင်သည်တွေ ကိစ္စဆိုတော့လဲ အရမ်း ဝင်ပါလို့မကောင်း ။

"ကျွန်တော်စားလို့ပြီးပြီ မယ်မယ် ခွင့်ပြုပါဦးဗျ "

"အေးကွယ် သားရိပ် ကျန်းမာရေးဂရုစိုက်နော် မယ်မယ်လဲ ခရီးတွေထွက်နေရတာနဲ့ ပစ်ထားသလိုတောင် ဖြစ်နေပြီကွယ်."

"ရပါတယ် မယ်မယ်ရဲ့ ခုလိုပြောရုံနဲ့တင် ကျွန်တော်က ပျော်နေပါပီ"

"ဟုတ်ပါပြီကွယ် နားတော့လေနော်"

"ဟုတ်ကဲ့ ကောင်းသောညပါ မယ်မယ်"

"အေးကွယ်"

အရှေ့တည့်တည့်မှာထိုင်နေတဲ့ သက်ဆိုင်သူကိုတော့ မကြည့်ဖြစ်။ မကြည့်ချင်တာဆို ပိုမှန်မည်။

သူ့ကို မြင်လိုက်ရင် အလိုလိုသိမ်ငယ်သွားသလိုပင်။ ကိုမင်းမြတ်ကိုတော့ အသိအမှတ်ပြုနူှတ်ဆက်ရုံလောက်သာပြုံးပြပြီး အိမ်ပေါ်သို့ တတ်သွားလိုက်သည်။

Only u,Màùñĝ [completed]Where stories live. Discover now