22(U)

10.5K 535 22
                                    

"Morning မယ်မယ်"

"Morning သား..သားရိပ်မနိုးသေးဘူးလား"

"အင်..အဲ့တာကလေ..ဟို."

လည်ဂုတ်ကို အကြောင်းမရှိဘဲပွတ်နေပြီး နူှတ်ခမ်းက ပေါက်ရာကို မြင်လိုက်ရတော့ ဒေါ်နန်းမဟာမြိုင် သဘောပေါက်သွားသည်။

ဒီကလေးတွေ အဆင်ပြေသွားကြပြီပေါ့...

"လာ..မနက်စာလာစား..ပြီးရင် သားရိပ်တွက်ယူသွားပေးလိုက်ဦး"

"ဟုတ်..."

ထိုင်ခုံမှာဝင်ထိုင်လိုက်ကာ ကော်ဖီတစ်ငုံ့သောက်လိုက်သည်။

အချစ်လက်ရာမဟုတ်တော့ တစ်မျိုးဘဲ..

"ကျွန်တော် ဒီနေ့ရုံးမသွားဘဲနေမလားလို့..မယ်မယ်လဲ နားဦးမှာမလား"

"တစ်ရက် နှစ်ရက်လောက် နားဦးမယ်..ပြီးမှ ကျန်တဲ့ပရောဂျက်တွေဆက်လုပ်ဖို့..ရုံးလာခဲ့မယ်.."

"ဟုတ်..အိမ်မှာဘဲနေပြီး ဇေရဲကိုလိုအပ်တာတွေပို့ခိုင်းလိုက်မယ်"

"မယ်မယ့် mailကို ပို့ခိုင်းလိုက်..မယ်မယ် လုပ်လိုက်မယ် အလုပ်မလုပ်ရရင် လူက စားမဝင်အိပ်မပျော်လေ.."

"ဟားဟား..."

သားဖြစ်သူ အားရပါးရရီမောနေတာကို ကြည့်ပြီး ပီတိဖြစ်မိသည်။ ဒီကလေးမရီတာ တော်တော်ကြာပြီမလား..။

"ဘန်ကောက်မှာ medical checkup သွားလုပ်ရင် ကောင်းမလားလို့..မလုပ်ဖြစ်တာလဲ နှစ်လလောက်ရှိနေပြီ..တစ်ယောက်ထဲသွားမယ့်တူတူ  ဒါ်သက်ထားခင်ကိုပါ ခေါ်ပြီး တူတူစစ်မလားလို့လေ.."

"ကောင်းသားဘဲ..မယ်မယ်လဲ အဖော်ရတာပေါ့"

"အေးအေး.."

"ကျွန်တော် စားလို့ပြီးပြီး..မယ်မယ်...စားစရာယူပြီး အပေါ်သွားလိုက်ဦးမယ်.."

"အေးအေး..မယ်မယ် လာမကြည့်တော့ဘူးနော်."

"ဟုတ်"

စားစရာဗန်းကိုင်ပြီး အိမ်ပေါ်တတ်သွားတဲ့ သားတော်မောင် ကိုကြည့်ပြီး စိတ်ထဲအေးချမ်းမိသည်။ ကလေးတွေရဲ့ အိမ်ထောင်ရေး ကတောက်ကဆတွေဖြစ်တုန်းကလဲ သူမ လဲ သားနည်းတူစိတ်ပင်ပန်းခဲ့ရသည်။

Only u,Màùñĝ [completed]Where stories live. Discover now