16(U)

11.4K 662 21
                                    

"ရန်ကုန်ကို ပြန်ရောက်နေပြီ Boss"

Meeting ခန်းထဲက ထွက်ထွက်ချင်း အတွင်းရေးမှူးကပြောပြတော့ မဟာ ပျော်သွားပြီး နုှတ်ခမ်းသားတို့ကလဲ ကော့တတ်ရုံမျှပြုံးသွားသည်။

"အခု ဘယ်မှာနေနေလဲ"

အိမ်ကိုပြန်မလာဘူးဆိုတာ မဟာ သိပါသည်။ ဘယ်ပြန်လာချင်ပါ့မလဲ သူမှားခဲ့တာလဲ သေးသေးလေးမှားတာမှမဟုတ်တာ။

"ဆိုင်နဲ့နီးတဲ့ တိုက်ခန်းမှာပါ Boss ဆိုင်ကိုလဲ သွားပါတယ်"

"ဟုတ်ပြီ"
ပြောပြီး စကားသံထပ်မထွက်လာတော့သောကြောင့် ဇေရဲ လဲ ငြိမ်ပြီး လိုက်လာသည်။

အိမ်ကထွက်သွားကထဲက လူလွှတ်ပြီး မျက်ခြေမပျက်စောင့်ကြည့်ခဲ့သည်။ ခန့်သမာဓိ ခေါ်သွားလို့ သိပ်ဘဝင်မကျချင်ပေမယ့် ရိပ် နေချင်သလိုနေနိုင်ရန်အတွက် ဘာမှမလုပ်ခဲ့။ ခန့်သမာဓိ နဲ့ အပြင်သွားတိုင်း ရိုက်ပြီးပို့လိုက်တဲ့ ဓာတ်ပုံတွေထဲမှာ သူ့ရဲ့ အသည်းသက်လေးက သိပ်ပျော်နေပုံမပေါ်။

အရမ်းလွမ်း အရမ်းတွေ့ချင်ပေမယ့် စိတ်တိုင်းကျနေစေခဲ့သည်။ ရိပ်ရဲ့စိတ်ကို အပြည့်အဝအနားယူစေချင်သည်။ သူ့ကို စိတ်ဆိုးတာများ အကုန်မလျော့ရင်တောင် နဲနဲလေးများဖြင့် လျော့မလားလို့ မျော်လင့်ချက်လေးနဲ့ပါ။

သေလောက်အောင်လွမ်းပြီး သေလောက်အောင် ပွေ့ဖက်ချင်ခဲ့တဲ့ နေ့တွေ ညတွေကို ခက်ခဲစွာကျော်ဖြတ်ခဲ့ရတယ်။ ယမကာ ကူမှ အိပ်ပျော်ခဲ့တဲ့ ညတွေကလဲ မနဲပါ။ အလွမ်းပြေလိုပြေငြား ဓာတ်ပုံလေးတွေ ထုတ်ကြည့်တော့ ပိုပြီးတော့တောင် ပြေးတွေ့ချင်လာသည်။

ဘယ်လိုမှ အဆင်မပြေပါ။ နှစ်ပတ်ဆိုသော အချိန်ကာလက တခြားသူတွေတွက် တခဏလေးဟု ထင်ရပေမယ့် လွမ်းရတဲ့သူအဖို့ စက္ကန့်တိုင်း မိနစ်တိုင်းက သိပ်ကြာနေသလိုပင်။

ရန်ကုန်ရောက်ရောက်ချင်း ချက်ချင်းပြေးတွေ့ချင်သော်လည်း အချိန်က အတော်နောက်ကျနေပြီမို့ တွေ့ချင်စိတ်ကို အတင်းချိုးနှိမ်ကာ အိမ်ပြန်လိုက်သည်။ ရိပ် အိမ်ကထွက်သွားပြီးတဲ့နောက် တိတ်ဆိတ်ခြောက်ကပ်သွားသည်။

Only u,Màùñĝ [completed]Where stories live. Discover now