9(U)

12.6K 743 8
                                    

Part 9

မနက်ခင်း အလင်းရောင်ခြည်နွေးနွေးသည် မှန်ပြတင်းပေါက်ကနေ တစ်ဆင့် လိုက်ကာများကို ဖြတ်ကျော်ကာ အိပ်ခန်းထဲသို့ ချင်းနင်းဝင်ရောက်လာလေသည်။

အလင်းရောင်၏ ကျီစယ်မူှ့ကြောင့် နိုးလာသော လူသားတစ်ယောက် ။ နံဘေးနား၌ အိပ်မောကျနေသေးသော အမျိုးသားလေးကို တစ်စိုက်မတ်မတ် မျက်တောင်မခတ်ဘဲ ကြည့်နေသည်။ သွားထိလိုက်ရင် နူှိးသွားမှာစိုးသောကြောင့် ဒီတိုင်းလေးငေးကြည့်နေလိုက်သည်။ ချစ်ဖို့ကောင်းတယ်.. ။

ခဏကြာတော့ ထိုကောင်လေးက မျက်ခွံများလူှပ်ရှားလာသည်။ ပန်းနုရောင်သန်းနေသော မျက်ခွံလေးများကို လက်ခုံသေးသေးလေးနှင့်ပွတ်ရင်း နိုးလာတော့ ပြန်အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

တစ်ဖက်ကလူသားလေးက အစပိုင်းက ငြိမ်နေသေးသော်လည်း နောက်ပိုင်း သူ့မျက်နှာအစိတ်အပိုင်းများကို ထိတွေ့လာသည်။

ဆံပင် ၊ နဖူး၊ နှာတံ၊ ပါး တို့ကို လက်ညိုးနှင့်ငြင်ငြင်သာသာတို့ထိရင်း နူှတ်ခမ်းအရောက်မှာ ရပ်တန့်သွား၏ ဘာလုပ်မလဲ တွေးနေရင်း ခဏကြာတော့ နုှတ်ခမ်းတစ်စုံလုံးကိုဖိကပ်လာသော နူးညံ့အိစက်သော နူှတ်ခမ်းသားများ ။ လွမ်းနေခဲ့တာ အဲ့နုှတ်ခမ်းလေးကို။

ခဏလောက်ထိကပ်ကာ ပြန်ခွာသွားသည်။ ကိုယ့်ဘက်ကတန်ပြန် နမ်းချင်ပေမယ့် ရှက်သွားမှာစိုး၍ စိတ်ထိန်းလိုက်သည်။ နှလုံးသား၏ အလိုအရ ဆက်အိပ်ချင်ယောင်မဆောင်နိုင်တော့၍ မျက်လုံးပြန်ဖွင့်လိုက်သည်။

မျက်လုံးဖွင့်ကြည့်လိုက်တော့ မဟာ့ကိုကြည့်နေတဲ့ ကောင်လေးက ချက်ချင်းပင် မျက်နှာနီဆွေးကာ အောက်သို့ငုံ့သွားသည်။ ခုနက နမ်းတာ သူမဟုတ်သလို။

"နိုးနေတာကြာပြီလား"

"ဟုတ်ကဲ့ Morning "

"အင်း အဖျားကျသွားပြီလား"
အပြောနဲ့အတူ နဖူးပေါ်ကျရောက်လာသော လက်ဖဝါးကြောင့် မျက်လွှာချမိလိုက်သည်။

"နဲနဲနွေးနေသေးတယ်"

"ဆေးတစ်ခွက်ထပ်သောက်လိုက်ရင် သက်သာသွားမှာပါ "

Only u,Màùñĝ [completed]Wo Geschichten leben. Entdecke jetzt