20(U)

11.9K 635 18
                                    

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခန့်ညားချောမောသော ယောကျာ်းတစ်ယောက်။ မျက်မှန်အမည်းကိုတပ်ထားပြီး ကော်လံအကျႌလက်ရှည်ကို တံတောင်ဆစ်ထိခေါက်တင်ထားသည်။ မဖြူမညိုသော အသားအရည်ပေါ်တွင် အကြောစိမ်းတို့က ခပ်ထင်းထင်းဖြစ်နေသည်။

ပုဆိုးနက်ပြာရောင်အကွက်စိတ်ကိုခြေမျက်စိဖုံးသည် အထိဝတ်ထားသည်။ လေဆိပ်ရှိ မိန်းမသားများအကုန်နီးပါး၏ အကြည့်ကိုပင် ဂရုမစိုက်ဘဲ မျက်လုံးများက ဘေးတွင်ယှဉ်လျက်ထိုင်နေသော မျက်နှာမမြင်ရတော့လောက်သည်အထိ ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းကာ Maskတပ်ထားတဲ့ကောင်လေးဆီမှာဘဲ တည်မြဲနေလေသည်။

ဒီကနေ့ မယ်မယ်ပြန်လာမှာဖြစ်၍ ရိပ်နဲ့မဟာ လေဆိပ်ကိုအတူတူလာကြိုကြခြင်းဖြစ်သည်။ လေဆိပ်ရောက်တော့ ကားပေါ်ကဆင်းရန်ပြင်နေသောရိပ်ကို လှမ်းဆွဲထားပြီး Maskနဲ့လျှာထိုးဦးထုပ်ဆောင်းပေးသောကြောင့် အလိုမကျသော်လည်း စကားအများကြီးမပြောချင်သေး၍ ငြိမ်နေလိုက်သည်။ပုဆိုးနဲ့ လျှာထိုးဦးထုပ်နဲ့ဆိုတော့ အတော်ကို ကြည့်ရဆိုးနေမည်မှာ အသေချာပင်။

အထဲရောက်တော့ မဟာ့ကိုဘဲသိသိသာသာဝိုင်းကြည့်နေကြသောကြောင့် ရိပ် နူှတ်ခမ်းဆူချင်နေပြီ။ ထိုင်စောင့်နေတော့လဲ မေးထောက်ပြီး သူ့ကိုဘဲ စိုက်ကြည့်နေသောကြောင့် ပါးတွေကော နားရွက်ပါ နီရဲနေပြီ။

"မယ်မယ် တို့ လေယာဉ်ဆိုက်လောက်ပြီ ထွက်ပေါက်မှာ သွားစောင့်ရအောင်"

"အင်း.."

ခဏလောက်ရပ်စောင့်ပြီးတော့ ပန်းဆီရောင် ချိတ်လုံချည်ဝမ်းစက်ဝတ်ထားတဲ့ ကျက်သရေရှိသော အမျိုးသမီး တစ်ဦးက လူအများကြားထဲထင်ရှားစွာ။ ထိုအမျိုးသမီးက မဟာတို့ဘက်ကို ကြည့်ပြီး ပြုံးပြလာသည်။

အနားရောက်တော့..

"သားရိပ် နေကောင်းတယ်နော်..မယ်မယ်က လွမ်းနေတာ.."

" နေကောင်းပါတယ် မယ်မယ်..သားလဲ လွမ်းနေတာ မယ်မယ်ကော နေကောင်းတယ်မလား"

"ကောင်းပါတယ်..မယ်မယ့်ကို မုန့်အသစ်တွေလုပ်ကျွေးဦးနော်..သားရိပ် လက်ရာကိုလဲ လွမ်းတယ်"

Only u,Màùñĝ [completed]Where stories live. Discover now