25🚨(Z)

5.5K 169 10
                                    

အဟက်...အဓိပ္ပါယ် မရှိလိုက်တာနော်..

ရီသံက ..လောကကြီးကို အရွဲ့တိုက်ချင်နေတဲ့ ပုံပေါက်နေသည်ကို ရိပ် ထင်မိသည်။

ခဏလောက် ငြိမ်နေပြီးမှ သက်ပြင်းချသံသဲ့သဲ့ကြားလိုက်ရကာ

"သွေး...မလာလောက်သေးဘူးထင်တယ်...ဒီနေရာက မြို့နဲ့ နဲနဲဝေးတော့..ကြာဦးမယ်...အခန်းထဲမှာ နေနှင့်ခဲ့ကြဦး.."

တံခါးဖွင့်ပြီး ပြန်ထွက်သွားသည်။ သိပ်လဲ မလှုပ်နိုင်သေးသောကြောင့် ထိုနေရာမှာဘဲ ငြိမ်ပြီးနေလိုက်သည်။ လင်းထက်ကို ကြည့်လိုက်တော့ နံရံကိုခေါင်းမှီကာမှေးနေသည်ကို တွေ့ရသည်။

အလင်းမှိန်မှိန်နဲ့မို့ ပြတ်ပြတ်သားသားတော့ မတွေ့ရ။

မောင်...ဒီနေရာကိုရှာတွေ့မှာပါ..။ မြန်မြန်လာပါမောင်...မောင့်ကိုလိုအပ်တယ်..။

ချောက်!!

တံခါးဖွင့်သံကြားတော့ လင်းထက်မှိတ်ထားသော မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ အင်္ကျီအမဲနဲ့ ခေါင်းစွပ်ဆောင်းထားသော လူနှစ်ယောက်..

"ဟေ့ကောင်..ဖြစ်ပါ့မလား"

" ဖြစ်ပါတယ်ကွ.."

"သူဋ္ဌေးသိရင် အသေသတ်ခံရမှာနော်"
"မသိအောင်လုပ်မှာပေါ့ဟ...ဘယ်လောက်မှမကြာပါဘူး...သူဋ္ဌေးက ခေါင်မိုးထပ်တက်သွားတာ..ဆင်းလာဖို့ကြာဦးမှာ.."

"ပြီးရောကွာ..လုပ်"

အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို နှူိက်၍ ယောကျာ်းတစ်ယောက်က လင်းထက်ဆီသို့ လာနေသည်။ရိပ်ကို ကြည့်လိုက်တော့..အတင်းရုန်းကန်နေသည်ကို တွေ့ရသည်။ အနီးနားရောက်လာမှ လက်ထဲမှာကိုင်ထားတဲ့ ဆေးထိုးအပ်တစ်ချောင်း..

ခြေထောက်နဲ့ကန်ကျောက်တော့ မထင်ထား၍ ထင် နောက်သို့ယိုင်သွားသည်။ မျက်လုံးကြီးပြူးလာပြီး လက်မောင်းကို ခပ်ကြမ်းကြမ်းဆုပ်ကိုင်လာသည်။ ထို့နောက် စူးကနဲ...

မြို့ပြင်ဖြစ်သောကြောင့် တိုက်တာအဆောက်အဦးများ ကင်းမဲ့ကာ ကွင်းပြင်ကျယ်ကြီး ဖြစ်နေသည်။

ခေတ် ခေါင်းမိုးထပ်သို့ရောက်လာသောအခါ..အေးမြသောလေပြင်းပြင်းက ခန္ဓာကိုယ်ကိုတိုးဝှေ့တိုက်ခတ်၍ ကြိုဆိုသည်။

Only u,Màùñĝ [completed]Where stories live. Discover now