26🚨(Z)

7.3K 181 11
                                    

ဝေဟင်အပေါ်စီးကနေကြည့်တာတောင် တိုက်အကျယ်က တော်တော်ကျယ်ဝန်းနေသည်။  ကျွန်းတွေနဲ့ဘဲဆောက်ထားပြီး ပြောင်လက်နေအောင် ပေါ်လစ်တိုက်ထားသော မကြီးမသေး  နှစ်ထပ်တိုက်လေးကလဲ ထည်ဝါနေသည်။

ရှင်းရှင်းလင်းလင်းနေရတာကြိုက်တဲ့သူပီပီ အပင်တွေဘာတွေ သိပ်မစိုက်ဘဲ မင်းမြတ်အကြိုက်ဆုံးဖြစ်တဲ့ မဟော်ဂနီပင်တွေသာ စီတန်းပြီးစိုက်ထားသည်။

အိမ်အနောက်ဘက် လေယာဉ်ဆင်းသက်ရန် လုပ်ထားသော ကွင်းပြင်ကျယ်တွင် မင်းမြတ်တို့စီးလာသော ဂျက်လေယာဉ်သည် အရှိန်လျော့ကာ ဆင်းသက်လာပြီး မြေပြင်ပေါ်ရောက်ကာ အကွာအဝေးအနဲငယ် ဘီးလှိမ့်ပြီးနောက် ငြိမ်သက်သွားသည်။

အောက်မှာ အရံသင့်စောင့်နေကြတဲ့ ကိုယ်ရံတော် နှစ်ယောက်က တံခါးဖွင့်ပေးပြီး ခေါင်းငုံ့နေကြသည်။ ရင်ခွင်ထဲက ကောင်လေးအား ကုတ်ကို လုံအောင်ခြုံပေးလိုက်ပြီး ပွေ့ချီကာ အပြင်သို့ထွက်လာခဲ့လိုက်သည်။

မျက်နှာထားတင်းမာကာ အိမ်ထဲဝင်သွားသော သူဋ္ဌေးကြောင့် အ်မ်မှာရှိတဲ့ အလုပ်သမားတွေအကုန်လုံး အသက်ပင်ရဲရဲမရှူရဲကြ။ ခေါင်းငုံ့ပြီး ဦးညွှတ်နေတဲ့လူတွေကို တစ်ချက်မှပင် မကြည့်ဘဲ အပေါ်ထပ်မှာရှိတဲ့ သူ့အခန်းထဲသို့ဝင်သွားမှ ကျန်တဲ့လူအကုန်လုံး ဟင်း..ကနဲ သက်ပြင်းချနိုင်တော့သည်။

ရငိခွင်ထဲက ကောင်လေးကို ကတ္တီပါသားခင်းထားတဲ့ အိပ်ရာပေါ်ကို ဖြေးညင်းစွာချပေးလိုက်သည်။ ကိုယ်လက်သန့်စင်ဖို့ အတွက် ရေသွားစပ်ရန်လုပ်တော့ လည်ပင်းကို အတင်းအကြပ်ဖက်ထားလေသည်။

လက်ကလေးကို ကိုင်ပြီး..

"Baby လက်တွေဖယ်ပေးဦးလေ..ကိုယ်ရေသွားစပ်ပေးမို့.."

"ဟင့်အင်း..ဆေး..ဆေးမိထားတယ်..ဟင့်.."

အသံကတိုးလျနေသောကြောင့် အနားမှာရှိသော မင်းမြတ်တောင်... အားစိုက်နားထောင်ရသည်။

တောက်..

အကြောများထောင်သည်အထိ လက်သီးဆုပ်များတင်းကြပ်သွားကာ.အံတင်းတင်းကြိတ်လိုက်သည်။

Only u,Màùñĝ [completed]Where stories live. Discover now