23(Z)

3.9K 159 11
                                    

နောက်နေ့မနက် ရိပ် ဆိုင်ရောက်လာတော့ လင်းထက်က ရောက်နှင့်နေသည်။သူလာတာကို မမြင်ဘဲ ဖုန်းကိုသည်းကြီးမည်းကြီးနှိပ်နေတဲ့ ကောင်ကို တစ်ချက်ကြည့်ပြီး orderမှာထားတာတွေကို လုပ်ရန် ညွှန်ကြားလိုက်သည်။

ပြီးမှ ထိုင်ခုံမှာ ဒူးတစ်ဖက်ထောင်ပြီး ထိုင်နေတဲ့ ကောင်ဆီကိုသွားလိုက်ပြီး တစ်ကိုယ်လုံးဝင်တော့မတတ်ကြည့်နေတဲ့ ဖုန်းကိုဆွဲလုလိုက်တော့

"ဟာ..ဟေ့ကောင် ပြန်ပေး.."

အလန့်တကြားပြန်တောင်းတော့

"ဘာတွေစိတ်ဝင်စားဖို့ကောင်းနေလို့ ငါလာတာတောင် မသိရတာလဲ"
ကြည့်လိုက်တော့ line ပေါ်မှာ စကားပြောနေတာပင်။ အမယ် Darling ဆိုဘဲ။

"ဟယ်.."

"ဘာ ဟယ်လဲ မိန်းမလား.."

"မင်းရီးစားရနေတာ ဘာလို့မပြောတာလဲ"

"အင်..အဲ့တာကလေ"

"ဟေ့ကောင်.. လျိုမယ်မကြံနဲ့.."

မျက်လုံးပြူးပြီး လက်သီးထောင်ပြလိုက်တော့ လင်းထက် သက်ပြင်းချလိုက်သည်။ ဒီကောင်ကို မပြောလို့လဲရမှာမဟုတ်။ ပြောရင်လဲ အလှောင်ခံရမှာဆိုးသည်။ကိုယ့်ကိုယ်ကိုယ် straight လို့ အော်ဟစ်ထားသည်မလား။

"ဟေ့ကောင်..ဘာတွေတွေးနေတာလဲ.. ပြောလို့.. ဘယ်က ကောင်မလေးလဲ "

"မင်းမြတ်မဟာ.."

"ဪ...ဘာ..ဘာရယ်..ကိုမင်းမြတ် နဲ့လား"

ပြူးတူးပြဲတဲနဲ့ မေးနေသော ရိပ်ကို ခေါင်းသာခပ်နာနာညိမ့်ပြလိုက်သည်။

"ဝိုး...ငါထင်တော့ထင်သားဘဲ..ကိုမင်းမြတ် က မင်းကို ချစ်နေတယ်ဆိုတာ... ဒီလောက်ထိမြန်မြန်ဖြစ်သွားမယ်လို့တော့ မထင်ဘူး.."

"အင်း..အဲ့လိုဖြစ်သွားတယ်"

ရိပ် တစ်ယောက် လင်းထက်ကို ငေးကြည့်နေပြီးမှ ထအော်ရီတော့ လင်းထက်တောင် လန့်သွားသည်။

ဖြေးဖြေးလုပ်ဟ..ငါယောကျာ်းမရသေးဘူး။

"ဘာရီတာလဲ.."

"မင်းဘဲ စထရိတ်ကြီးဆို..ဟားဟား..ခုကျတော့..ဘဲကြီးနဲ့..ဟက်ဟက်.."

Only u,Màùñĝ [completed]Where stories live. Discover now