အရှင်၏အဖြည့်ခံ (part-18)

6.8K 425 17
                                    

Unicoade

ရှောင်ကျန့်အိပ်ယာကိုနာကျင်မှုများနဲ့အတူနိုးထလာတယ်....သူ့ဘေးကိုကြည့်လိုက်တော့ရိပေါ်မရှိတော့...

ကျွီ...

"မင်းသားလေးနိုးပြီလား..."

"အင်း...အရှင်ရော..."

"အိမ်ရှေ့စံက...အရေးကြီးကိစ္စရှိလို့အစောကြီးထသွားပါတယ်..မင်းသားလေးကိုတော့ဆေးသောက်ဖို့မှာထားပါတယ်..."

"အော်...အင်း.."

"အော်ဒါနဲ့မင်းသားလေး...ဝမ်နင်​​ကောပြန်လာပြီ..စစ်သူကြီးကျန်းချန်နဲ့သေနာပတိကြီးဟွိုက်စန်းရောပါတယ်..."

"ကောပြန်လာပြီလား....ဒါနဲ့ကျန်းချန်ကောနဲ့ဟွိုက်စန်း​ေကာကဘယ်သွားလို့ဘယ်ကနေပြန်လာတာလဲ.."

"ဟန်တိုင်းပြည်ကိုဝမ်မင်းကြီးခေါ်လို့သွားရတာလို့ပြောတယ်ကျွန်တော်ထင်တာ...ကျိုးမိန်းကလေးကိုအပြစ်ပေးပြီးနောက်ရက်ထင်တယ်..."

"ေအာ်...အဲ့ဒါကြောင့်ဒီရက်ပိုင်း​ကောတို့ကိုမတွေ့ဘူးဖြစ်နေတာကို....."

"အင်း..မင်းသားလေးဆေးသောက်ရအောင်..."

"အင်း...."
...........................

"ဝမ်နင်သတင်းထူးလား..."

"ဟုကဲ့အိမ်ရှေ့စံဒီနေ့ညပါ..."

"အင်းကောင်းပြီ...စောင့်ကြည့်ထားလိုက်..မလွှတ်စေနဲ့.."

"ဟုကဲ့ပါအိမ်ရှေ့စံ...."

"ရိပေါ်..."

"ဟန်တိုင်းပြည်မှာအခြေအနေကောင်းလား..."

"အင်း....တိုက်သင့်သလောက်တော့တိုက်ပြီးပါပြီ...အနည်းငယ်တော့ကျန်သေးတာပေါ့.."

"အင်း...သူပုန်တပ်ဆိုတော့အမြစ်ဖြတ်ဖို့ခက်မှာပေါ့..."

"အင်း..ဟုတယ်...ဒါနဲ့လေ ဒီရက်ပိုင်းငါတို့မရှိတုန်းဘာတွေလွှတ်သွားသေးလဲ.."

"ဘာကိုလဲ..."

"မင်းနဲ့မိဖုရားလေ..."

"ငါနဲ့ကျန့်ငယ်နဲ့ကဘာဖြစ်လို့လဲ...."

"အယ်..အခေါ်အဝေါ်တွေတောက်ပြောင်းသွား​ပြီပြောပြပါကွာရိပေါ်ကလည်းအချင်းချင်းတွေကို.."

အရှင်၏အဖြည့်ခံDonde viven las historias. Descúbrelo ahora