Unicode
Lisaရဲ့အမေးကိုjisooသိချင်စိတ်နှင့်ခပ်သွက်သွက်ပင်ပြန်မေးလိုက်သည်....
"ဘယ်လိုLisa..လိင်တူချင်းဟုတ်လား...နင်မိန်းကလေးတစ်ယောက်ကိုချစ်မိနေတာလား"
Lisaကသူမဘက်သို့လှည့်ကာခပ်ရေးရေးလေးပြုံးပြသည်...ထို့နောက်
"အင်း...ဟုတ်တယ်sooငါကောင်မလေးတစ်ယောက်ကိုချစ်မိနေပြီ...သိပ်ချစ်ဖို့ကောင်းတဲ့ကလေးဆန်ဆန်ကောင်မလေးပေါ့"
Lisaရဲ့အဖြေဟာjisooရဲ့ရင်ခုန်နှုန်းကိုအမြင့်ဆုံးထိတုန်ခါသွားစေသည်...Lisa..သူမကjisooကိုအမြဲနင်ကသိပ်ချစ်ဖို့ကောင်းတယ်ပြောနေကျမဟုတ်ပါလား....ရင်ထဲမှာပျော်သလို....ဝမ်းနည်းသလိုနှင့်ပင်...ငါ့ကိုလည်းLisaကဟုတွေးမိတော့ပျော်ရသလိုနှင်....ငါ့များမဟုတ်ခဲ့ရင်ရောကဝမ်းနည်းရစေပြန်သည်....
"သူမကဘယ်သူလဲ..Lisa"
သူမကိုမေးလိုက်မိသည်...သိပ်သိချင်လွန်းလို့ပင်.."သိပ်မကြာခင်နင်သိရမှာပါsooရယ်....ခုနင်ကငါလိင်တူချင်းချစ်မိနေတာငါ့ကိုမမုန်းသွားလို့ကျေနပ်နေပြီ..."
ငါဘယ်လိုနင့်ကိုမုန်းရက်မှာလဲ..Lisaရယ်...
ဒီစကားတွေကိုကျွန်မစိတ်ထဲမှာပဲတိုးတိတ်စွာပြောခဲ့တယ်...သူကျွန်မကိုရင်ဖွင့်ပြီးတစ်ပတ်လောက်ကြာတော့..."soo..ငါချစ်သူရသွားပြီသိလား.."
"ဘယ်လို..."
Lisaရဲ့စကားသည်..jisooကိုအတော်ပင်ထိတ်လန့်သွားစေသည်....ငါမဟုတ်ခဲ့ဘူးလား...ဒီစာသင်နှစ်တွေအတွင်းနင့်နံဘေးမှာရှိနေခဲ့တဲ့ငါကနင့်နှလုံးသားအတွက်မဟုတ်ခဲ့ဘူးလား...."ဟုတ်တယ်soo..သူမနာမည်ကjennie kimတဲ့..သိပ်ချစ်ဖို့ကောင်းပြီးကလေးဆန်တဲ့ကောင်မလေးပေါ့..."
Jisoo..သူမရဲ့ဝမ်းနည်းမှုများကိုဒေါသအဖြစ်အသွင်ပြောင်းကာ....
"ငါကကော....ငါကကောနင့်အတွက်ဘာလဲလို့.."
Lisaပြန်မဖြေ...jisooကိုသာမျက်လုံးအဝိုင်းသားနှင့်ကြောင်ကြည့်နေသည်..."Lisa...ငါမေးနေတာဖြေလေဟာ...ငါကကောနင့်အတွက်ဘာလဲလို့..."
"Soo..နင်ဘာတွေပြောနေတာလဲ..နင်ကငါသိပ်ချစ်ရတဲ့သူငယ်ချင်းလေဟာ..."
YOU ARE READING
KILL THIS LOVE (Complete)