Unicode
"ငယ်...ငယ်....ငယ့်.."
ရုတ်တရပ်ဆန်စွာပဲမျက်လုံးများကိုချက်ချင်းဖွင့်လိုက်သည်..ဒါဟာအိမ်မက်ဆိုးလား....အိမ်မက်ထဲမှာငယ့်နောက်ကိုသူမပြေးလိုက်နေသည်..ငယ်ဟာသိပ်ကိုလှပတဲ့ပန်းခင်းကြီးရဲ့အလယ်မှာရပ်နေတယ်...ငယ်ဘယ်ကိုမှခြေတစ်လှမ်းမှမရွေ့သော်လည်းသူမကငယ့်ကိုပြေးလိုက်နေတာတောင်မမှီနိုင်ခဲ့ပါ..သူမတရစပ်အော်ခေါ်နေသည်...ငယ်ဆိုတဲ့နာမ်စားလေးကိုအထပ်ထပ်အခါခါ.....မည်မျှပင်ခေါ်နေပါသော်လည်းငယ်ဟာနောက်သို့်လှည့်မကြည့်...ငယ့်ဆီပြေးလေ..ငယ်ဟာသူမနှင့်ဝေးသွားလေဖြစ်နေသည်...ဟက်...ရယ်စရာသိပ်ကောင်းတယ်နော်ငယ်...အိမ်မက်ထဲမှာတောင်တို့နဲ့ငယ်ကနီးစပ်နိုင်ဖို့အဲ့လောက်ခဲယဥ်းရတာလား..တို့ဘာလုပ်ရမလဲငယ်...ဘဝမှပထမဦးဆုံးချစ်မိခဲ့တဲ့အချစ်ကကျန်နေခဲ့ရခြင်းနဲ့နာကျင်ခဲ့ရတယ်...အချိန်တွေကြာပြီးနှလုံးသားရဲ့အနာတွေကိုလည်းပျောက်စေခဲ့တဲ့ဒုတိယမြောက်...နှစ်ကြိမ်မြောက်ချစ်မိခဲ့တဲ့အချစ်ကကော..ထွက်သွားရခြင်းနဲ့နာကျင်ရမှာလား...
ငယ့်ကိုမေးကြည့်ရမလား..အချစ်နဲ့အောင်မြင်မှု..ဘာကိုရွေးမလဲ...သေချာပါတယ်..ငယ်သူမကိုပဲရွေးချယ်လိမ့်မယ်...သူမတစ်ကိုယ်ကောင်းမဆန်ရက်ပါ..ငယ်ဟာအခုမှအလှဆုံးဖူးပွင့်နေတဲ့နှင်းဆီပန်းလေးမို့...
အတ္တတစ်ခုကိုရှေ့တန်းတင်ဖို့ငယ့်အောင်မြင်မှု...ငယ့်ဝါသနာ...ငယ့်အနုပညာကိုချမနင်းရက်ဘူးငယ်....
စချစ်ပေးတာငယ်ဆိုပေမဲ့...ပိုချစ်ပေးမဲ့သူကတို့ဖြစ်ပေးပါ့မယ်...ဒါပေမဲ့ထုတ်မပြဖြစ်လောက်တော့ဘူးငယ်...ချစ်နေရင်ရပြီမို့....
"အော်..လူနာသတိရလာပြီလား.."
ရုတ်တရပ်ကြားလိုက်ရသောလူသံကြောင့်အသံလာရာကိုကြည့်မိတော့ဆရာဝန်တွေ...ခုမှပတ်ဂန်းကျင်ကိုအကဲခတ်မိသည်..သူမဆေးရုံရောက်နေတာလား...ဦးနှောက်ကိုအလုပ်ပေးကာဘာဖြစ်လဲစဥ်းစားမိသည်...သတိမရ...ငယ်နှင့်တွေ့ဖို့ချိန်းထားတယ်..ငယ့်အမေလာခေါ်လို့စကားပြောတယ်...ပြီးတော့...ပြီးတော့...
"လူနာကလမ်းမမှာသတိမေ့သွားလို့လမ်းသွားလမ်းလာတွေကဆေးရုံကားခေါ်ပေးတာပါ...ခုအဆင်ပြေရဲ့လား..တစ်နေရာရာမှာမဆင်မပြေတာများရှိသလား.."
YOU ARE READING
KILL THIS LOVE (Complete)