Unicode
"အဟွတ်..ဟွတ်..."
ဒိုင်ယာရီစာအုပ်လေးထဲမှာမနဲ့ပတ်သတ်တဲ့အမှတ်တရလေးအချို့ကိုချရေးနေရင်းမရဲ့ချောင်းဆိုးသံကိုကြားလာရသည်...လက်ထဲမှဘောပင်လေးကိုအမြန်ချကာ..မရှိရာနေရာသို့ပြေးရသည်...
"မ...မအဆင်ပြေရဲ့လား..."
"အဟွတ်...အဟွတ်...."
မသည်သူမကိုပြန်မဖြေအားချောင်းကိုသာတဟွတ်ဟွတ်ဆိုးလျှက်...သူမကတော့ဘေးမှာရေခွက်ကလေးကိုကိုင်လျှက်ပေါ့..ခဏကြာတော့မသည်သူမပါးစပ်နားမှလက်ကိုင်ပဝါလေးကိုခွာလိာက့သည်...အနီရောင်သွေးစတို့ကမနေ့ကထက်သည်နေ့ပိုများလျှက်......နာကျင်ခြင်းတို့ကနှလုံးသားထက်ဝယ်ထုံကျဥ်လျှက်...
သူမလက်ထဲမှရေခွက်ကိုမကိုကိုယ်တိုင်တိုက်ကာမနှုတ်ခမ်းထက်မှာတွဲလဲခိုနေတဲ့ရေစက်ကလေးတွေကိုတစ်ရှူးလေးဖြင့်ခပ်ဖွဖွလေးသုတ်ပေးလိုက်သည်...
မသည်သူမကိုခပ်ဖွဖွလေးပြုံးပြပါသည်...ထိုအပြုံးတွေသည်အရင်လိုလှပနေဆဲပါ...နီရဲသောနှုတ်ခမ်းလေးများနေရာတွင်..ညို၍ခြောက်ကပ်လာသောနှုတ်ခမ်းလေးများအစားထိုးသွားသည်ကလွဲ၍.....
သုံးလကြာခဲ့ပြီ...မရဲ့ရောဂါကိုသူမသိခဲ့ရတာသုံးလကြာခဲ့လေပြီ...ဆေးရုံတက်ရအောင်ပြောတော့လဲမကလက်မခံ....အဆုံးသတ်သေချာနေတဲ့အဖြေတစ်ခုမို့...သူမရဲ့အိမ်..သူမပျော်ခဲ့တဲ့အခန်းလေးမှာပဲ...နောက်ဆုံးသောထွက်သက်ကိုရှူရှိုက်ချင်သည်တဲ့....နာကျင်ရပါသည်..မ..တစ်ယောက်ထဲဆိုးရွားတဲ့ဝေဒနါဒဏ်ကိုကြိတ်မှိတ်ပြီးခံနေရတဲ့အချိန်မှာသူမဟာဘေးနားကနေပြီး..ပြုစုပေးရုံမှတစ်ပါးအခြားမတတ်နိုင်ခဲ့ပါ...
မကိုသေချာလေးနေရာချပေးငါပြန်အိပ်စေနေမိသည်....အားရှိမှရောဂါဒဏ်ကိုခံနိင်ရည်ရှိမည်...အဆုံးသတ်ကိုတတ်နိုင်သလောက်ဆွဲဆန့်ထားချင်သည်....အိပ်ပျော်သွားသောမရဲ့မျက်နှာလေးကိုသူမငေးကြည့်နေမိသည်....မျက်ခွံလေးတွေကိုလက်ချောင်းလေးတို့ဖြင့်ခပ်ဖွဖွလေးတို့ထိမိသည်...ယခင်ကကြည်တောက်နေသောမျက်ဝန်းလေးတွေဟာယခုတော့နွမ်းလျကာဖျော့တော့နေလျှက်...
YOU ARE READING
KILL THIS LOVE (Complete)