ညသည်နှင်းစက်ဖွေးဖွေးတို်နှင့်လရောင်ကင်းမဲ့လျှက်....သို့သော်လည်းခရစ္စမတ်ညမို့ရောင်စုံမီးလုံးများကထိန်ထိန်ညီးလျှက်...အခြေခံလူတန်းစားတို့နေထိုင်ရာရက်ကွပ်လေးဟာလည်း..ဒီညမှာတော့နိဗ္ဗာန်ဘုံလေးလိုပါပဲ...မိသားစုသိုက်သိုက်ဝန်းဝန်းလေးနဲ့စုပြီးစားသောက်ပျော်ရွှင်တဲ့အခါရရှိတဲ့နွေးထွေးမှုလေးဟာအေးစက်တဲ့ညကိုနွေးထွေးစွာပဲကျော်ဖြတ်နိုင်လေရဲ့.....
"မ...ဘာတွေငေးနေတာလဲ..."
ဝရံတာမှာနှင်းတွေဖုံးနေတာကြောင့်ဝရံတာတံခါးကိုပိတ်ထားရသည်..မကထိုတံခါးလေးကနေတစ်ဆင့်ဝရံတာဘက်ကိုငေးနေလေရဲ့...
"နှင်းတွေလေ...နှင်းစက်တွေကိုပေါ့ငယ်...ငယ်သူတို့ကိုသဘောကျလား..."
"အင်း..သဘောကျတယ်မ...သူတို့ရဲ့ဖြူစင်တဲ့ပုံစံလေးတွေကိုအရမ်းသဘောကျတယ်....မရောသဘောမကျဘူးလား..."
မသည်ခပ်ဆွေးဆွေးသာအပြင်ကိုငေးနေသည်...နှုတ်ခမ်းလေးကပြုံးတုံ့တုံ့နှင့်
"ဟင့်အင်း.....သဘောကျရလောက်အောင်ထိသူတို့ကိုမစွဲလမ်းနေပါဘူး....အချိန်တန်ရင်ပျောက်ကွယ်သွားကြမှာပဲ..."Rosé...မကိုဘာမှပြန်မပြောဘဲငေးသာကြည့်နေမိသည်...မရဲ့စကားတစ်ချို့ကိုခုထိသူနားမလည်နိုင်ပေ...
"ငယ်...."
မဟာသူမကိုတိုးညှင်းစွာနဲ့ခေါ်နေလေရဲ့...
"အင်း..ပြောလေမ..."
"သီချင်းတစ်ပုဒ်လောက်ဆိုပြမယ်မဟုတ်လား.."
Roséပြုံးလိုက်မိသည်...သူရဲ့မကသူ့ကိုသီချင်းဆိုပြစေချင်နေလေရဲ့...
"ရတာပေါ့..မရဲ့..ငယ်ကမအတွက်ဆိုဘာမဆိုအဆင်သင့်ပဲ..နော်..."
မခေါင်းလေးကိုခပ်ဖွဖွပုပ်ပြီးဂီတာယူရန်အိမ်ထဲသို့ဝင်လာခဲ့သည်....မရဲ့အခန်းထဲမှာထားတားသောဂီတာလေးကိုယူပြီးပြန်ထွက်ဖို့ပြင်နေစဥ်မှာပင်မြင်လိုက်ရသည်က.....
ပွင့်နေသောအံဆွဲနှင့်...အထဲမှမြင်နေရသောဆေးရုံတံဆိပ်ပါစာအိတ်တစ်ခု...လက်ထဒမှဂီတာကိုကုတင်အော်တင်လိုက်ပြီးထိုအံဆွဲထဲမှစာအိတ်ကိုယူလိုက်သည်...စာအိတ်ကဖွင့်ပြီးသားမို့မလည်းကြည့်ပြီးလောက်ပြီထင်သည်..
စာအိတ်ထဲမှထွက်လာသောဆေးစစ်ချက်စာရွက်တွေကိုသူမသေသေချာချာဖတ်ကြည့်လိုက်သည်.....
YOU ARE READING
KILL THIS LOVE (Complete)