Unicode
မ...မမရှိတော့တဲ့နေ့ရက်တွေကလေခြောက်ကပ်ကပ်နဲ့ကုန်ဆုံးလာလိုက်တာ..
ဒီအချိန်ဆိုမ..ဘယ်နေရာကိုများရောက်နေပါ့မလဲနော်..ဘဝသစ်တစ်ခုပြန်ပြီးစတင်နေရောပေါ့....
မကိုမပြောလိုက်ရတဲ့စကားတွေငါ့ဆီမှာအများကြီးရှိသေးတယ်မရဲ့...
ငယ်လေ..စိတ်ကူးလေးတစ်ခုယဥ်ခဲ့ဖူးတယ်မရဲ့..တစ်နေ့ပေါ့..ငယ်တို့နှစ်ယောက်လက်ထက်ကြမယ်...ပင်လယ်ကိုမြတ်နိုးတဲ့မအတွက်..ကမ်းခြေကနယ်မြို့လေးမှာပြောင်းရွေ့နေမယ်..နှင်းတွေဝေတဲ့ညဆိုမခန္ဓာကိုယ်နွေးနွေးလေးကိုပွေ့ဖက်ထားမယ်...
ကြယ်တွေစုံတဲ့ညဆို..မသိပ်ချစ်တဲ့ကြယ်လေးတွေကိုမကရေတွက်ပေါ့..ငယ်ကမရဲ့မျက်တောင်စိပ်စိပ်လေးတွေကိုငေးကြည့်မယ်.
ရေတွက်မယ်...ကြယ်လေးတွေကိုသိပ်ချစ်တဲ့မကခုဆိုကြယ်လေးတွေရှိတဲ့နေရာလေးမှာများပျော်နေနိုင်မလားနော်...
မသိလား..ကြယ်ကြွေချိန်ေတွကိုသဘောမကျတဲ့မကြောင့်..ကြယ်တွေကြွေရင်ဆုမတောင်းတော့ဘူး...
တကယ်တော့ဆုတောင်းဆိုတာ..လူတွေတောင်းတနေတဲ့မပြည့်ဝနေတဲ့ဆန္ဒတွေမလား..ဒါတွေကိုမသိပ်ချစ်တဲ့ကြယ်တွေကို..ငယ်မပြောပြရက်ဘူး..မရယ်..
ငယ့်ရဲ့နေ့ရက်တွေကိုမကိုလွမ်းနေရင်းနဲ့ပဲဖျက်သန်းနေပြီ..မ...
ငယ်..တစ်ချိန်..မဆီလိုက်လာရင်တော့ငယ့်ကိုထပ်ပြီးထားမသွားနဲ့တော့နော်...
ငယ်...ငယ်..မကိုသိပ်လွမ်းရတာပဲမရယ်..
အဆုံးမရှိနိုင်တဲ့မကိုလွမ်းရခြင်းတွေကြောင့်..ငယ်ရူးရတော့မယ်..မရယ်..
မရဲ့အငွေ့သက်တွေနဲ့ဒီအခန်းလေး...
မထားရစ်ခဲ့တဲ့..ပန်းချီကားတွေ..
ဒါ.ဒါတွေကလေ..ဒြပ်မဲ့တွေပေမဲ့..ငယ့်နှလုံးသားကိုတော့..ရူးလောက်အောင်နာကျင်ရတယ်..မရယ်..ငယ်..ဒီနာကျင်စရာခံစားချက်တွေကိုမရဲ့..စောင့်နေပါ့မယ်..ဆိုတဲ့ကတိလေးနဲ့တင်းခံထားရတာမို့..မကတမလွန်ငနေသေချာပေါက်စောင့်နေပေးပါ..မရယ်.
YOU ARE READING
KILL THIS LOVE (Complete)