Unicode
အခန်းငယ်လေးသည်တိတ်ဆိတ်နေသည်....
ဆေးရောင်စုံတို့သည်နံရံပေါ်တွင်ပေပွလျှက်....
ဆွဲလက်စဟုထင်ရသောပန်းချီကားလေးသည်မိန်းမငယ်တစ်ယောက်၏ပုံစံပင်....
ထိုဆွဲလက်စပန်းချီကားလေး၏မျက်နှာမူရာရှေ့တည့်တည့်တွင်နံရံကိုမှီကာကောင်မလေးတစ်ယောက်ထိုင်နေသည်......သူမရဲ့လက်များမှာဆေးရောင်တို့ပေလျှက်..ထိုလက်များကိုပင်သူမရဲ့ဆံပင်များကြားထိုးဖွထားကာဒူးနှစ်ချောင်းထောင်လျှက်ခေါင်းငုံ့၍ထိုင်နေသည်....တစ်ချက်တစ်ချက်တုန်ရီသွားသောကိုယ်လေး...သူမငိုနေတာလား.....အဘယ့်ကြောင့်လဲ....လွန်ခဲ့သောနာရီပိုင်းက...
Roséလည်းပြန်တော့မယ်ဟုပြောကာထွက်သွားတော့မဌသူမရေချိုးခန်းထဲကထွက်လာလိုက်သည်...တစ်ခုခုစားရန်မီးဖိုချောင်ထဲဝင်လာခဲ့တော့စားပွဲပေါ်တင်ထားခဲ့သောလိမ္မော်juiceနှင်ျ့ပါင်မုန့်မီးကင်လေး...ဒါတွေအရင်ကသူမအိမ်မှာမရှိ..Roséဝယ်ပေးခဲ့တာပင်ဖြစ်မည်..စားပြီးတော့ပန်းချီဆွဲရန်ပန်းချီခန်းထဲဝင်လာလိုက်သည်....ပြတင်းပေါက်မှာကားထားသောလိုက်ကာစလေးကိုလှပ်လိုက်တော့နေရောင်ခြည်သည်အခန်းငယ်လေးထဲထာကိလာသည်...အခန်းထောင့်မှာပိတ်ြဖူများြဖင့်အုပ်ထားသောပန်းချီကားချပ်များရှိနေသည်....ထိုပိတ်ဖြူအုပ်ထားသောပန်းချီကားကိုကြည့်ရင်းသူမသက်မတစ်ချက်ချလိုက်သည်...ဖုန်းကိုဘေးကခုံပေါ်တင်ကာသီချင်းဖွင့်ထားလိုက်သည်..အင်း..Goneတော့နားမထောင်ချင်တော့ပါ
ဂျပန်သီချင်းတစ်ပုဒ် "yuki no hana"..ငယ်စဥ်ထဲကဂျပန်စကားလေ့လာထား၍ဂျပန်လိုနားလည်သည်..ဒီသီချင်းလေးဟာနှင်းစက်တို့ထဲကချစ်သူနှစ်ဦးရဲ့ကြည်နူးဖွယ်ပုံစံလေးဖွဲ့နွဲ့ထားခြင်းဖြစ်သည်....နှင်းကျချိန်ဆိုလို့မကြာမီဆောင်းဦးတောင်ရောက်တော့မယ်...
သူမဆွဲနေကျပုံစံတူပန်းချီကားငယ်လေးကိုပင်ရေးဆွဲနေမိသည်...ရုပ်လုးံပေါ်လာတော့..
"မကိုချစ်တယ်.."
သူမနားထဲကြားလိုက်ရသောRoséအသံ...တံခါးဝကိုလှည့်ကြည့်မိတော့ဘယ်သူမှမရှိပါ....ပန်းချီကားပေါ်ကရုပ်ပုံသည်မိန်းမငယ်တစ်ဦး၏ပုံ...မျက်နှာနားအသေးစိတ်ရေးဆွဲရန်မျက်လုံးမှိတ်ပြီးပန်းချီကားထဲကမိန်းမငယ်လေးကိုပုံဖော်နေမိသည်...မြင်လိုက်ရတာကRosé..
YOU ARE READING
KILL THIS LOVE (Complete)