မနက်ခင်းသည်ဆောင်းဦးရာသီမို့အေးစက်စက်..နေရောင်ခြည်သည်လည်းတိမ်တိုက်တွေကိုမထိုးဖောက်နိုင်ဟန်...အပြင်လောကမှာအေးစိမ့်နေမည်မှာမှန်သော်လည်းအဖြူရောင်အခန်းငယ်လေးထဲကကုတင်ကျဥ်းလေးဝယ်အနွေးဓာတ်တို့လွှမ်းခြုံထားသည်...
မနက်ခင်းသည်မည်မျှပင်ပျင်းရိစရာကောင်း၍အိပ်ရာမှမခွာချင်အောင်ဖြစ်နေပါစေခြောက်နာရီလောက်ထတက်သောjisoo၏မျက်လုံးများကတော့သံပတ်ပေးထားသလိုအလိုအလျောက်ပွင့်လာစမြဲ...
ပုံမှန်နဲ့မတူနွေးထွေးနေသောခံစားချက်ကြောင့်သူမ..မသိလိုက်ပါဘဲပြုံးမိပါသေးသည်...မျက်စိရှေ့မှမြင်နေရသောအဖြူရောင်လည်တိုင်ကျော့ကျော့နှင့်ရွှေရောင်ဆံနွယ်များ....မိမိရဲ့ခါးထက်ဝယ်သူမရဲ့လက်တို့ကတင်းကြပ်စွာတွယ်ဖက်ထားစမြဲပင်...သူမရဲ့လက်များကိုဖယ်လိုက်လျှင်နိုးသွားမည်ကိုစိုးရိမ်သောကြောင့်မလှုပ်မရှားမိ...ခေါင်းကိုခပ်ယို့ယို့နောက်သို့ဆုပ်ကာမိမိရှေ့မှလူသား၏မျက်နှာလေးကိုရှုစားမိသည်....လှိုက်ဖိုစွာခုန်လာပါသောရင်ခုန်သံကိုသူမကြားနေရပါသည်...မခံစားမိဘူးပြောလျှင်လိမ်ရာကျဦးမည်....
"ငါတော့..ရုန်းမထွက်နိုင်တော့ဘူးထင်ပါရဲ့...."
ကြည့်မဝပါသောမျက်နှာလှလှလေးကိုရှုသားနေမိရင်း...တရိပ်ရိပ်ထိုးတက်လာသောမူးနောက်မှုများ...အရှေ့မှမျက်နှာလေးသည်ပင်ဝေဝေဝါးဝါးဖြစ်ကုန်ုပြီ....မူးနောက်သည်.....ကိုက်ခဲသည်....ဤဝေဒနါကိုသူမကြိတ်မှိတ်မခံစားနိုင်တော့ပါ.....
"အားးး"
ခန္ဓာကိုယ်၏နာကျင်မှုသည်နှုတ်မှအာမေဋိတ်အသံဖြင့်ပေါ်လွင်စေသည်...ဆိုးရွာလာသောနာကျင်မှုသည်မျက်ရည်တို်ကိုပါဖြစ်ပေါ်စေသည်.....
"မ....မ.ဘာဖြစ်နေတာလဲ....မအဆင်ပြေရဲ့လား...ဘာဖြစ်နေတာလဲ....."
မသည်ပြန်မဖြေသူမခေါင်းကိုသာလက်ဖြင့်ဖိထားသည်...အချိန်ကာလတစ်ခုလောက်ကြာမှအဆင်ပြေသွားဟန်..မ၏မျက်လုံးများတစ်ဖြေးဖြေးပွင့်လာသည်..မျက်ဝန်းအိမ်တို့တွင်မရဲ့မျက်ရည်စများကိုသူမမြင်နေရပါသည်...အရင်ကမခေါင်းကိုက်တတ်ပါတယ်..ဒါပေမဲ့ပိုပိုဆိုးလာသလားလို့...
YOU ARE READING
KILL THIS LOVE (Complete)