Chapter 20(U+Z)

799 92 10
                                    

ဆောင်း၏ညသည်နှင်းစက်တို့ကြားအေးစက်လွန်းလှသသည်...ေကာင်းကင်ပြင်သည်လမိုက်ညဖြစ်၍မှောင်မဲနေသည်..ကြယ်ရောင်တို့သာတလက်လက်ဖြင့်...ဟန်မြစ်ကြီးရဲ့နံဘေးမှာတော့ကောင်မလေးနှစ်ဦးဟာအချိန်တစ်ခုရောက်နေပြီဖြစ်သည်အထိရှိနေကြဆဲပင်...သူတို့နှစ်ဦးဟာတူညီတဲ့ကောင်းကင်တစ်ခုကိုသာပြိုင်တူငေးမောနေကြသည်...

"မ..."

"ဟင်..ပြောလေငယ်..."

"New yearညကျရင်လည်းဒီကိုလာရအောင်.."

"အင်း.."

"ဘာလို့လဲထင်လဲမ..."

သူမမေးတော့မသည်သူမကိုငေး၍ကြည့်လာသည်...သူမပြုံးလိုက်မိသည်...ဖြူစင်သောမျက်နှာလေးနှင့်မကိုအသည်းယားစွာပါးလေးကိုတစ်ချက်လောက်ဆွဲလိုက်သည်...အလိုမကျစွာမျက်ခုံးတန်းလေးနှစ်ခုတွန့်ချိုးသွားတာပေါ့..

"ပုံပြင်ဟောင်းလေးတစ်ပုဒ်ရှိတယ်မ...လူသားတွေသာနှစ်တစ်နှစ်ရဲ့နောက်ဆုံးရက်မှာကြယ်အလုံးရေတစ်ထောင်ပြည့်အောင်ရေနိုင်ခဲ့မယ်ဆိုရင်ကောင်းကင်ကသူတို့လိုချင်တဲ့ဆုတောင်းတစ်ခုကိုဖြည့်ပေးတယ်တဲ့....ဟက်...ရူးကြောင်ကြောင်နိုင်ပေမဲ့စမ်းသပ်ကြည့်ချင်သား..."

မသည်သူမစကားဆုံးတော့သူမထံမှအကြည့်လွှဲကာကောင်းကင်ကိုမော့ကြည့်ပြန်သည်...

"မင်းသိလားငယ်...ကြယ်တွေဟာလူသားတွေရဲ့ဆုတောင်းကိုဖြည့်ဆည်းပေးနိုင်တယ်ဆိုတဲ့ဆိုရိုးလေးကိုပဲလူသားတွေကလက်ဆင့်ကမ်းခဲ့ကြတာ..သူတို့မေ့မေ့ပျောက်ပျောက်ထားခဲ့ကြတဲ့တစ်ချို့ကြယ်လေးတွေရဲ့နာကျင်စရာဒဏ္ဍာရီကိုသူတို့မေ့ထားကြတယ်...ဟိုးးးမှာကြည့်လိုက်ငယ်.."

မလက်ညှိုးထိုးရာကိုကြည့်လိုက်တော့ငါးလုံးတဲွဲကြယ်လေးတစ်စုံ...ထိပ်ဆုံးကြယ်နှစ်လုံးကတောက်ပနေသည်..အလယ်ကကြယ်လေးသုံးလုံးကမှိန်နေလျှက်..

"အာ့ကြယ်စုတန်းလေးက..အဆုံးသတ်မလှတဲ့အချစ်ကိုကိုယ်စားပြုတာငယ်....တောက်ပနေတဲ့ကြယ်လေးနှစ်လုံးဟာသိပ်ချစ်ကြတဲ့ချစ်သူတွေပေါ့...အလယ်ကမှိန်ပြပြကြယ်လေးကတော့သူတို့နှစ်ဦးရဲ့မပေါင်းဖက်နိုင်ပဲဝေးကွာခဲ့ရခြင်းတွေပေါ့....ငယ်သေချာစဥ်းစားကြည့်လေ..ငယ်ဒီပုံပြင်ကိုမသိဘူးမလား...ဒီလိုပဲ...လူတွေဟာအဆုံးသတ်မလှတဲ့ဇာတ်သိမ်းတွေအတွက်ကြာကြာလွမ်းဆွတ်သတိတရမရှိပေးတတ်ကြဘူး...ကောက်ရိုးပုံပေါ်ကျသွားတဲ့မီးစလိုပဲ..တစ်ခဏတော့....နာကျင်ခံစားတတ်ကြပေမယ့်....အချိန်တစ်ခုမှာအသားကျသွားရင်တော့..sad endingတစ်ခုဟာ.....လူတွေပြန်မလှန်ကြည့်ချင်တဲ့အမှတ်တရတစ်ခုအနေနဲ့တစ်ဖြေးဖြေးပျောက်ကွယ်သွားရမှာ....ငယ်...."

KILL THIS LOVE (Complete)Where stories live. Discover now