Zawgyi Version
ဒယ်ဂူဆိုတာ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ နယ်မြို့လေးတစ်မြို့...။
ဆိုးလ်ဆိုတဲ့မြို့ကြီးပြကြီးလောက်တော့ မလှပလောက်ပေမယ့် သာယာအေးချမ်းမှုကိုတော့ဆိုးလ်မြို့ထက်ပင် ပေးစွမ်းနိုင်ပေသည်...။ကျယ်ဝန်းလှပလှတဲ့ စိုက်ခင်းကြီးတွေရယ်၊ တိုက်ကြီးတွေလောက်မမြင့်ပေမယ့်လို့ မြင်လိုက်ရုံနဲ့ နေချင်စဖွယ်ကောင်းသော အိမ်သေးသေးလေးတွေရယ်...၊ တစ်ယောက်ကိုတစ်ယောက် ရင်းနှီးခင်မင်စွာ အကူအညီပေးတတ်ကြတဲ့ ဒေသခံတွေရယ်နှင့် ပြည့်စုံနေသောဒယ်ဂူဆိုတဲ့ ဒီမြို့လေးဟာ ဘယ်အချိန်ပင်ကြည့်ကြည့် အေးချမ်းလို့...။
ထိုဒယ်ဂူမြို့လေးရဲ့တစ်နေရာ၊ အရမ်းလည်းမကြီး၊ အရမ်းလည်းမသေးလှတဲ့ သစ်သားအိမ်လေးနှစ်လုံးရဲ့ ရှေ့ရှိခြံဝန်းလေးထဲတွင် စက်ဘီးစီးနေကြပါသော ခြောက်နှစ်သားအရွယ် ကောင်လေးနှစ်ယောက်...။
စက်ဘီးလေးပေါ် တက်ပြီးနင်းနေသော ကောင်လေးမှာ အသားလေးခပ်ညိုညို၊ မျက်ဆံအရောင်တောက်တောက်နှင့် ရယ်လိုက်တိုင်း ကကြီးပုံသဏ္ဍာန်နှုတ်ခမ်းလေးက လေးထောင့်ဆန်ဆန်အပြုံးလေးတွေ ဖန်တီးလျက်...။မစီးတတ်စီးတတ်နဲ့ စက်ဘီးစီးနေသော ထိုကောင်လေးကို စက်ဘီးအနောက်ကနေပြေးလိုက်ရင်း ထိန်းပေးနေသည်က နောက်ကောင်လေးတစ်ယောက်...။
ဆံပင်ကလေးတွေကခပ်အုပ်အုပ်၊ အသားလေးကခပ်ဖြူဖြူနှင့် ပြေးနေသည့်ပုံရိပ်လေးမှာ ယုန်ကလေးတစ်ကောင်လို...။
အမြဲတမ်းဝိုင်းစက်နေတတ်သည့် ထိုကောင်လေးရဲ့မျက်ဝန်းလေးထဲ အခုတော့ ယိမ်းထိုးနေသောစက်ဘီးပေါ်က ကောင်လေးကို စိုးရိမ်ပူပန်ဟန်တွေအပြည့်နဲ့...။ဘယ်ဘယ်ကိုစောင်းလိုက်၊ ညာဘက်ကိုစောင်းလိုက်နဲ့ ဦးတည်ရာမမှန်သော စက်ဘီးဟာ နောက်ဆုံးမှာတော့ မြေပြင်ပေါ်လဲတော့သည်...။
"အ...!!"
စက်ဘီးပေါ်ကနေ လဲကျသွားသောကြောင့် ဒဏ်ရာရသွားသော ညာဘက်ခြေကောက်ဝတ်လေးကိုဖိကိုင်လျက် ညည်းညူနေသည့် ကောင်လေးအနား မျက်လုံးဝိုင်းဝိုင်းနဲ့ကောင်လေးက အပြေးသွားရင်း