Zawgyi Version
"မေမေ...!"
"သား...! ထယ်လေး...!"
သူ့အမေကိုအရမ်းတွေ့ချင်ပါတယ်လို့ပူဆာနေတဲ့ ယောင်းကြောင့် နောက်တစ်နေ့ ဆေးရုံဆီခေါ်လာခဲ့သည်...။
ဆေးရုံအခန်းထဲတံခါးဖွင့်ပြီးဝင်လိုက်တာနဲ့ သားအမိနှစ်ယောက်ရဲ့ အလွမ်းသည်သံလေးတွေက ပြည့်နှက်လို့သွားတော့တာပဲ...။"အမေ့သားလေး...၊ မတွေ့ရတာကြာလို့အမေကလွမ်းနေတာ...."
"သားလည်း အမေ့ကိုအရမ်းလွမ်းနေတာ...၊ အခု အမေ့အနားမှာပဲနေတော့မယ်၊ ဘယ်မှမသွားတော့ဘူး..."
ကုတင်ခေါင်းရင်းနားခေါင်းအုံးလေးမှီထားပြီး ခပ်လျှောလျှောထိုင်နေသော အမေ့ရင်ခွင်ထဲ ကလေးတစ်ယောက်လို ခေါင်းလေးဝှေ့ပြီး ချွဲနေသော ယောင်းနဲ့ သူ့သားကိုဖက်ပြီးမျက်နှာပေါ်တရှုံ့ရှုံ့နဲ့နမ်းနေတဲ့ အမေရယ်ပါလေ...။
သားအမိနှစ်ယောက်ချစ်နေကြပုံကို ကိုယ်ကတော့ ဘေးကနေပဲ ထိုင်ကြည့်နေလိုက်ပါတော့သည်...။"ငါ့သားလေးက မတွေ့တာကြာလို့လားမသိဘူး၊ ပိုတောင်ချောလာသလိုပဲ..."
"အဟီး...အမေကတော့လေ...ကိုယ့်သားကိုယ် မြှောက်နေပြန်ပါပြီ..."
"အမေက တကယ်ပြောတာပါသားရယ်...၊ သားလေးရဲ့အိပ်မက်တွေအမှန်တကယ်ဖြစ်လာတာကိုလည်း အမေအရမ်းဝမ်းသာတာပဲ..."
"ဝမ်းသာရင် ကျန်းမာအောင်နေရမှာနော်..."
"ဟုတ်ပါပြီတော် ဟုတ်ပါပြီ..."
"အမလေး...သားအမိနှစ်ယောက်ပြန်တွေ့တော့ ဒီကလူက လူပိုကြီးဖြစ်သွားပြီပေါ့...!"
အခန်းထဲမှာသူတို့နှစ်ယောက်ပဲရှိတဲ့အတိုင်း အလွမ်းသည်နေတာမပြီးကြသေးသော အမေနဲ့ယောင်းကို စိတ်ပေါက်ပေါက်နဲ့ ဘေးကနေမျက်စောင်းထိုးကာ ရွဲ့ပြောလိုက်သောအခါ...
"မနာလိုဖြစ်နေတာမလား...!? သနားပါတယ်ကွာ...!"
လျှာထုတ်ပြောင်ပြလာပြီး စနေသော ယောင်းရုပ်လေးကြောင့် အသည်းယားစွာ ပါးလေးကိုဆွဲလိုက်တော့ အ ဆိုပြီးအသံထွက်လာတဲ့ ယောင်း...။
အမေ့ရှေ့မှာမို့လို့ ပါးပဲဆွဲတာ၊ မဟုတ်ရင် အသည်းယားလွန်းလို့ တစ်ကိုယ်လုံးကိုကိုက်စားပစ်မှာ...။