Episode-18

6.5K 699 99
                                    

Zawgyi Version

"မောင်...! မောင် ထတော့လေ..! ပြောတော့လျှောက်လည်မယ်ဆို...! မောင်လို့ ..!"

ကိုယ့်နားအနားလာကပ်ပြီး ‌အော်နေသော ယောင်း...။
စချင်လာတာနဲ့ မှိတ်ထားသောမျက်လုံးတွေကိုမဖွင့်ဘဲ အိပ်ချင်ယောင်သာဆောင်နေလိုက်တော့...

"မောင်...! ထတော့ဆို...!"

မျက်လုံးနား‌နဲ့ နားထဲကို တဝူးဝူးနဲ့လေတွေမှုတ်ပြီး နှိုးပြန်လေရဲ့...။
ကိုယ့်မှာရယ်ချင်စိတ်ကိုမနည်းထိန်းထားရလေသည်...။

"ဟွန့်...မောင်ကဒီလိုပေါ့...? ရတယ်လေ..."

ကြားနေရတဲ့စကားသံလေးရပ်သွားတာနဲ့ မျက်လုံးပြန်မဖွင့်သေးဘဲ အသာလေးငြိမ်နေလိုက်တော့ ရုတ်တရက် ကိုယ့်နှာခေါင်းကိုကိုက်ချလာတဲ့ ယောင်း...။

"အား....!"

အလန့်တကြားထအော်ရင်း မျက်လုံးဖွင့်ကြည့်လိုက်လေတော့ ကျေးဇူးရှင်လေးက ကိုယ့်ကိုယ်ပေါ်တက်ဖိထားပြီး ကိုယ့်နှာခေါင်းကိုကိုက်ထားလေရဲ့...။

"အား...! ယောင်း...! တော်ပြီ လွှတ်တော့..! မောင်နိုးပြီ နိုးပြီလို့...!"

ထိုအခါမှ ကိုက်ထားတာကိုလွှတ်ပေးလာပြီး ကိုယ့်ကိုပေစောင်းစောင်းကြည့်ကာ ကိုယ်ပေါ်ကနေဆင်းသွားလေသည်...။
ကိုယ်လည်းလှဲနေရာမှအမြန်ထထိုင်လိုက်ပြီး နှာခေါင်းကိုပွတ်ကာ...

"သွားကလည်းချွန်ထက်နေလိုက်တာ၊ ကြွက်သွားကျနေတာပဲ...၊ နှာခေါင်းကပျက်ထွက်သွားပြီလားတောင်ထင်ရတယ်...!"

"မောင်နော်...! ဖွဖွလေးပဲကိုက်တာကို သည်းပြမနေနဲ့၊ ပြောတော့ လျှောက်လည်မယ်ဆိုပြီး အချိန်ကိုလည်းကြည့်ဦး။ ဒီအချိန်အထိအိပ်နေရင်ဘယ်အချိန် လျှောက်လည်ရမှာလဲ...!?"

ကုတင်ပေါ်ဆောင့်ကြောင့်ထိုင်ပြီး နှုတ်ခမ်းတထော်ထော်နဲ့ရန်တွေ့နေသော ယောင်း...။
ကိုယ်လုံးလေးကိုဆွေံခနဲပေါင်ပေါ်ပွေ့တင်လိုက်တော့ လက်ကလေးတွေကအလိုက်သင့်ကိုယ့်လည်ပင်းထက် နေရာယူလို့လာသည်...။

"မောင့်ကောင်လေးက မောင်နဲ့လျှောက်လည်ရမှာကို တော်တော်စိတ်လှုပ်ရှားနေပုံပဲ ဟုတ်လား...? ဟင် ဟင်...?"

BELOVED [Completed]Where stories live. Discover now