Zawgyi Version
3 နှစ်ခန့်ကြာသော်....
"Fansign ပွဲကိုတက်လို့ကျေးဇူးတင်ပါတယ်နော်.... ညီမလေးနာမည် ဘယ်လိုခေါ်လဲဟင်...?"
"ဟန်ဂျီအွန်းလို့ခေါ်ပါတယ် ထယ်ယောင်းအိုပါး..."
"ဟုတ်လား...? ဂျီအွန်းနီး...ကြည့်ရတာ အထက်တန်းကျောင်းသူလေးထင်တယ်..."
"ဟုတ်... ဂျီအွန်းက ကျောင်းမြန်မြန်ပြီး ဘွဲ့မြန်မြန်ရပြီး ပိုက်ဆံရှာချင်နေပြီ အိုပါးရဲ့..."
"ဘာလို့လဲ...?"
"အိုပါးကို တင်တောင်းမလို့..."
မျက်စိရှေ့က ကလေးသာသာ ကောင်မလေးရဲ့ 'အိုပါးကိုတင်တောင်းမလို့' ဆိုတဲ့ စကားကိုကြားလိုက်ရတဲ့အခါမှာတော့ အူယားစွာနဲ့ပဲကိုယ် တဟားဟားနဲ့သာ ရယ်မောမိပါတော့သည်...။
ဒီကောင်မလေးက ငယ်ငယ်လေးနဲ့ အတတ်ကလေးပဲ...။"တကယ်ကြီးတင်တောင်းမလို့လား...?"
"အွန်း... အိုပါးမှာရည်းစားမရှိဘူးမလား..? အဲ့တော့ ဂျီအွန်းကြီးတဲ့အထိ စောင့်နေပေးနော်..."
ထပ်ပြောလာတဲ့ စကားလေးကြောင့် ကိုယ်ပြုံးသာနေလိုက်တော့သည်...။
ထိုအခါ ဘေးကပါလာတဲ့ ထိုကောင်မလေးသူငယ်ချင်းက..."Ya... ဟန်ဂျီအွန်း...! နင် နှာဗူးကြီးပဲထမနေနဲ့..! ကိုယ့်အိုင်ဒေါအကြောင်းလည်း နည်းနည်းပါးပါးစုံစမ်းဦး...! ဟိုမှာ ပိုင်ရှင်တစ်ယောက်လုံး မတ်တပ်ရပ်ပြီးကြည့်နေတာကို တင်တောင်းမယ်လုပ်နေသေးတယ်...!"
ထိုကောင်မလေး လက်ညှိုးညွှန်ရာ ဂျီအွန်းရော ကိုယ်ပါ လှမ်းကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ တိုင်ကိုမှီထားရင်းလက်ပိုက်လျက် ကိုယ်တို့ဘက်ကို ကြည့်နေသည့် မောင်...။
မျက်နှာထက် ကိုယ်မြတ်နိုးရာအပြုံးလေးတွေဆင်မြန်းထားဖို့လည်း မမေ့...။"ပိုင်ရှင်...?"
"အေး ပိုင်ရှင်...! အဲ့ဒီ့အိုပါးနဲ့ ထယ်ယောင်းအိုပါးတို့တွဲနေတာ ဒီလောက်ကြာနေပြီကို...! နင်သာ ထယ်ယောင်းအိုပါးကို တင်တောင်းချင်ဇောနဲ့ စာတွေပဲကြိုးစားလုပ်နေလို့ မသိတာ...!"