Zawgyi Version
"ဟယ်လို..မင်ဟော့ဟျောင်း...၊ CEO က ဘာပြောလဲ...?"
"ဘာပြောရမလဲ...? ဒေါသထွက်နေတာပေါ့၊ ဟိုတစ်နေ့တုန်းကလည်း Fansign ကနေ ဘာမပြောညာမပြောနဲ့ ကောက်ထွက်သွားပြီး ဒီနေ့ရှိတဲ့ Fansign ကိုလည်းမင်းကဖျက်ခိုင်းနေတာဆိုတော့ ဒေါသမထွက်ပဲနေတော့မလားဟ...?"
"မဖျက်လို့မှမရတာ ဟျောင်းရဲ့၊ အခု မောင့်အနားမှာ ကျွန်တော်ရှိနေမှဖြစ်မှာလေ...၊ ကျွန်တော့်ကိုနားလည်ပေးပါ ဟျောင်း..."
"ငါကနားလည်တယ်၊ မင်းတို့နှစ်ယောက်အကြောင်းကိုလည်းခရေစေ့တွင်းကျသိနေတဲ့သူမို့ နားလည်တယ်၊ ဒါပေမယ့် CEO ကတော့ နားမလည်ဘူးလေ၊ ငါလည်းဘယ်လိုရှင်းပြရမှန်းမသိတော့ဘူး..."
"ကျွန်တော်လာမှ အကုန်ရှင်းပြပါ့မယ်လို့ပြောထားလိုက်ပါ ဟျောင်း...၊ ကျွန်တော် ဒီနေ့ညနေ Company ကိုလာခဲ့ပါ့မယ်..."
"အေးပါ အေးပါ၊ နှစ်ယောက်စလုံး အစစအရာရာဂရုစိုက်ကြဦး ကြားလား...?"
"ဟုတ်ကဲ့ ဟျောင်း..."
မင်ဟော့ဟျောင်းနဲ့ဖုန်းပြောပြီးသွားတော့ ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲပြန်ထည့်လိုက်ရင်း သက်ပြင်းရှည်ကိုသာခပ်ပြင်းပြင်းချလိုက်မိတော့သည်...။
အမေဆုံးသွားပြီးတဲ့နေ့ကတည်းက ကိုယ်အိမ်ကိုလည်းမပြန်၊ Company ကိုလည်းမသွားတော့ပဲ မောင့်အနားမှာပဲနေပြီး အဖော်လုပ်ပေးနေခဲ့တာ...။
အကြောင်းကတော့ ထိုနေ့ကတည်းက စကားလည်းသိပ်မပြောတော့ဘဲ အမြဲတမ်းတစ်နေရာရာကိုသာငေးငိုင်စွာကြည့်နေတတ်ပြီး အတွေးများနေပုံရတဲ့ မောင့်ကြောင့်...။မောင့်စိတ်ထဲဘာတွေကိုတွေးပြီး ဘယ်လိုခံစားနေရလဲဆိုတာမသိပေမယ့် ဒီလိုအချိန်မှာတော့ မောင့်ဘေးနားကိုယ်ရှိနေသင့်သည်မဟုတ်လား...။
ဒါ့ကြောင့် ဒီနေ့လုပ်မယ့် Fansign ပွဲနောက်တစ်ခုကိုလည်းဖျက်ပစ်ခဲ့သည်...။
ဒီအကြောင်းကြောင့်စောစောကမင်ဟော့ဟျောင်းဖုန်းဆက်ခြင်းပင်...။ဟိုတစ်နေ့က Fansign ပွဲကနေကောက်ကာငင်ကာ ထပြေးထွက်သွားတဲ့ ကိုယ့်ရဲ့အကြောင်း၊ အင်တာနက်ပေါ်မကုန်သေးတဲ့အချိန် အခု Fansign ပွဲနောက်တစ်ပွဲကိုအကြောင်းပြချက်မရှိ၊ ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းက လူတွေကြားပလူပျံလို့...။
အင်တာနက်ပေါ်ဖြစ်ဖြစ်၊ သတင်းစာထဲမှာပဲဖြစ်ဖြစ် ကြည့်လိုက်တိုင်းကိုယ့်ရဲ့သတင်းတွေသာ...။