Part 6

187 12 0
                                    

🌼❤️ Once Upon A Time 💚🍀

Part 6

"အဟက် ...Sean ..တွေ့ရတာဝမ်းသာပါတယ်.."

အလုပ်ကနေအိမ်အပြန် store ဆိုင်မှာလိုတာလေးတွေဝင်ဝယ်ပြီးပြန်လာတယ်...တစ်ယောက်ယောက်ကနောက်ကနေလိုက်လာတာကိုလည်းခံစားနေရတယ် နောက်လှည့်မကြည့်ချင်လို့ခပ်သုတ်သုတ်သွားတော့လည်း ထပ်ကြပ်မကွာလိုက်လာပြန်တယ်...‌မသင်္ကာတာနဲ့နောက်လှည့်ကြည့်လိုက်တော့

" မင်း...! ...မင်းက စင်တီ ..."

" အိုး...တို့ကိုမှတ်မိနေသေးတယ်ပေါ့..."

နှုတ်ခမ်းကိုလျှာနဲ့သပ်ပြီးစကားပြောနေတဲ့ စင်တီက တကယ့်ကိုအမြင်ကပ်စရာကောင်းတယ်...စင်တီကိုမြင်လိုက်တာနဲ့ Sean ရဲ့မျက်ခုံးတွေက သိသိသာသာတွန့်ချိုးသွားတယ်

" တို့....Sean နဲ့စကားလေးနည်းနည်းလောက်ပြောချင်လို့ ....အချိန်လေးပေးပါလား..."

" ငါမအားဘူး...ငါဘာသာငါ အေးဆေးနေပါ‌ရစေ...မနှောင့်ယှက်ပါနဲ့ ငါ့မှာမင်းအတွက်ပေးဖို့အချိန်မရှိဘူး..."

ခါးခါးသီးသီးငြင်းထုတ်နေတဲ့ Sean ကို စင်တီတစ်ယောက်လုံးဝစိတ်မဆိုးပေ...စိတ်မဆိုးတဲ့အပြင် Sean အနားကိုကပ်ကာ စကားတစ်ခွန်းကို‌တောင်ပြောလိုက်သေးတယ်.

" Sean ကောင်လေးက ချစ်စရာလေးနော်..ဖြူဖြူဥဥလေး ..."

🍁🍁🍁🍁🍁🍁🍁🍁

" ကျစ်..ပြောစရာရှိတာမြန်မြန်ပြော ...ငါမအားဘူး ..."

ကျစ် တစ်ချက်စုပ်ပြီးပြောတော့ ကော်ဖီ‌ခွက်ကိုင်ထားတဲ့ စင့်တီလက်တွေကတန့်ခနဲဖြစ်သွားတယ်...ရှက်လားလို့စင်တီကိုသွားမမေးပါနဲ့ မရှက်ဘူးလို့ပြန်ဖြေလိမ့်မယ်...

" ရှောင်းလူကြီးမင်းမှာ အချိန် ၃ လပဲကျန်တော့တယ်.."

ကော်ဖီခွက်ကိုစားပွဲပေါ်တင်ပြီး Sean မျက်လုံးကိုစိုက်ကြည့်ကာ စကားဆိုလာတဲ့စင်တီ...စင်တီ့ကို Sean ကမျက်လုံးလှန်ပြီးပြန်ကြည့်တော့ စင်တီက သူတကယ်ပြောနေတာဖြစ်ကြောင်း ခေါင်းတစ်ချက်ငြိမ့်ပြတယ်...

" ဒါဆို ငါက..."

" Sean ပြန်လိုက်ခဲ့မှရမယ်...အခုပြန်လိုက်ခဲ့ပါ.. ရှောင်းလူကြီးမင်းက Sean နဲ့တွေ့ချင်နေတာ...အမြဲတမ်း သား ဆိုတာကိုပဲနှုတ်ကနေတဖွဖွပြောနေတာ ... "

🌼❤️ Once Upon A Time 💚🍀 Where stories live. Discover now