Part 1

870 27 0
                                    

🌼❤️ Once Upon A Time 💚🍀

Part 1

" ကိုကို .....ကိုကိုက ဝမ်လေးအပိုင်နော် "

" ဟုတ်ပါပြီကွာ ...ဟောဒီကကိုကိုကဝမ်လေးအပိုင် "

" ဟီး...အာ့ကြောင့် ကိုကို့ကိုချစ်တာ ..မွ "

တကယ်ပါ ရှောင်းကျန့်ကို ရူးသ‌ွားအောင်အထိပြုစားနိုင်တာဆိုလို့ ဟောဒီက ဝမ်ရိပေါ်တစ်ယောက်ပဲရှိတယ်။

သူတို့ရဲ့အချစ်ရေးက ကံကောင်းလှတယ် နှစ်ယောက်စလုံးက ဝင်ငွေအရမ်းကောင်းတဲ့‌  ကော်ဖီဆိုင်နဲ့ club မှာ အလုပ်လုပ်ကြတယ်။

မျက်နှာပွင့်တဲ့နှစ်ယောက်စလုံးက အားလုံးရဲ့အချစ်ခံလေးတွေ။ Ever Smile ကော်ဖီဆိုင်က နေ့လည် 1 နာရီကနေစပြီးရောင်းအားကောင်းတယ်။ ဘယ်သူ့ကြောင့်လဲတော့ မမေးပါနဲ့ ဝမ်ရိပေါ်ကြောင့်လေ။

တစ်ဖက်မှာလဲ Sun Moon Club မှာလည်း နေ့လည် 1 နာရီကနေစပြီးတော့ ညအချိန် 8 နာရီအထိလူစည်ကားလျက်ပဲ။ ရှောင်ကျန့်ဆိုတဲ့ DJ သမားလေးကိုလာလာငမ်းကြတာလေ။

🍁🍁🍁🍁🍁🍁🍁

တစ်ယောက်ကိုတစ်ယောက်သိပ်ဂရုစိုက်ကြ
တဲ့သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကိုမည်သူမှ ဝင်ခွဲဖို့အစီအစဉ်မရှိပေ။

အားလုံးကသူတို့နှစ်ယောက်ကိုနားလည်ပေးသလို လူမှုဆက်ဆံရေးကောင်းတဲ့အတွက် သူတို့ကိုလည်းလေးစားကြတယ်။ရှုတ်ချခြင်း လှောင်ပြောင်ခြင်း တွေလည်းမခံခဲ့ရဘူးပေါ့။

အခုတော့ နှစ်ယောက်သား အိမ်ကဝရံတာဘက်မှာထွက်ပြီးတော့စကားပြောကြနေရဲ့။

" ကိုကို ...ကိုကို ....ကိုကို "

တော်ရုံနဲ့ပြန်ထူးမလာတဲ့ရှောင်ကျန့်ကိုကြည့်ပြီး ရိပေါ်တစ်ယောက် မျက်ရည်လေးအဝိုင်းသားနဲ့။ ဘယ်လိုခေါ်ခေါ်ပြန်ထူးမလာတဲ့အတွက်နောက်ဆုံးတော့ ဝမ်ရိပေါ်ငိုချလိုက်တော့တယ်။

" အီး...ဟီး .....ဟီး..... sob ...sob "

သူ့ကလေးငိုသံကြားတော့မှ သတိပြန်ကပ်ကာ

" ဝမ်လေး ဘာဖြစ်လို့လဲ "

ရှောင်ကျန့်ကမေးနေသော်လည်း သူ့ကလေးကပြန်မဖြေပဲ ပိုပိုပြီးငိုလာတော့ ရှောင်ကျန့်ခမျာဘာလုပ်ရမှန်းမသိတော့ပြီ။

🌼❤️ Once Upon A Time 💚🍀 Where stories live. Discover now