Part 4

198 13 0
                                    

🌼❤️ Once Upon A Time 💚🍀

Part 4

" ကိုကို... ဖယ်ဦး ဝမ်လေး ထလို့မရတော့ဘူး..."

အိပ်ယာပေါ်မှာနှစ်ယောက်သားအိပ်နေကြရင်း အလုပ်သွားဖို့နိုးလာတော့ ရိပေါ်ကိုအတင်းခွပြီးဖိထားတဲ့ ရှောင်ကျန့်

" မဖယ်ပေးပါဘူး.....ဒီလိုမျိုးလေးခွပြီး ဖက်ပြီး ထပ်အိပ်ချင်သေးတယ်...."

အပေါ်ကနေလူကိုအုပ်မိုးပြီးတော့ နဖူးကို နမ်းလိုက်....ပါးကိုနမ်းလိုက်နဲ့ လုပ်နေတဲ့ရှောင်ကျန့်တစ်ယောက်ကို ရိပေါ်ကတော့ မျက်စောင်းလှလှလေးတစ်ခုပစ်ကျွေးလိုက်တယ်...

" အလုပ်သွားရ.....အွန့်...ပြွတ်စ် ...ပြွတ်စ် "

စကား‌တောင်ဆုံးအောင်မပြောရသေးခင် အ‌နမ်းတွေနဲ့ ပါးစပ်ပိတ်တာခံလိုက်ရတဲ့ ရိပေါ်....

နှုတ်ခမ်းတွေကိုအပေါ်တစ်လှည့်အောက်တစ်လှည့်နမ်းရင်း လည်တိုင်က ညှပ်ရိုးလေးတွေဆီရောက်သွားတော့ ရိပေါ်ဆီက ညီးသံသဲ့သဲ့လေးတွေထွက်လာတယ်....

အနမ်းတွေကလည်းပိုပြီးနက်သထက်နက်လာတယ်.....ညီးသံတွေကလည်းပိုပြီးကျယ်လောင်လာပြန်တော့ ရှောင်ကျန့်ရဲ့အောက်ကအငယ်လေးက  ဘောင်းဘီထဲကနေအတင်းတိုးထွက်လာတယ်..

သတိထားမိတဲ့ရှောင်ကျန့်က အနမ်းတွေကိုရပ်ပြီး နှုတ်ခမ်းတွေကိုခွာကာ ကုတင်ပေါ်ကနေအတင်းဆင်းတယ်....ရိပေါ်ကတော့ ချက်ချင်းကြီးဆိုတော့ နားမလည်သလိုဖြစ်သွားတယ်

" ဟို....ကိုကို ရေချိုးခန်းထဲခဏသွားလိုက်ဦးမယ် "

ပြောပြီး ရေချိုးခန်းထဲပြေးဝင်သွားတဲ့ ရှောင်ကျန့်ပုံကိုကြည့်ပြီးမှ သဘောပေါက်သွားတဲ့ရိပေါ်ကတော့ ရှောင်ကျန့်ကို အထန်ကိုကို ဟုစိတ်ထဲကနေရေရွတ်ရင်း ခေါင်းတခါခါနဲ့ပေါ့....

🍁🍁🍁🍁🍁🍁

" အား!!!!.... "

ဘယ်သူ့အသံလည်းမမေးပါနဲ့.... ဝမ်ရိပေါ်အသံပါ ...ရုပ်ရှင်ရုံထဲမှာတော့ ရိပေါ်ရဲ့ အော်သံတွေက ဖုံးလွှမ်းလို့ပေါ့...သရဲကားကြည့်နေရင်းနဲ့ တစ်ချက်ချက် ထထ အော်လိုက်တာကနားကွဲမတက်ပဲ

🌼❤️ Once Upon A Time 💚🍀 Where stories live. Discover now