Part 7

176 10 0
                                    

🌼❤️ Once Upon A Time 💚🍀

Part 7

[" ငါပေးထားတဲ့ပုံတွေရောက်လား..."]

[" အင်း...ရောက်တယ် ..."]

Flash Back_______

တစ်ခုသော ညနေခင်းမှာ ကျိုးချန်တစ်ယောက် လေကောင်းလေသန့်ရှုဖို့ အပြင်ကိုလမ်းလျှောက်ထွက်လာရင်း ကော်ဖီဆိုင်ရှေ့အရောက် ကျိုးချန်တစ်ယောက်တွေ့လိုက်ရတာက ‌ရှောင်ကျန့်နဲ့အတူ ဝိုင်းတစ်ဝိုင်းမှာထိုင်နေတဲ့ကောင်မလေးတစ်ယောက်...သူတို့နှစ်ယောက်ကစကားထိုင်ပြောနေကြတယ်...ကျိုးချန်လည်း ကိစ္စတစ်ခုခုရှိလို့ပေါ့နေမှာဟုထင်ကာ လှည့်ထွက်မည်အလုပ်မှာ ရှောင်ကျန့်လက်ကို ဆုပ်ကိုင်လိုက်တဲ့ကောင်မလေး...ရှောင်ကျန့်လည်းမရုန်းပဲထားတာကိုတွေ့မိတယ် ...လက်ကိုင်တာက ၅ စက္ကန့်လောက်သာကြာတယ် ဆိုပေမဲ့ လက်မြန်တဲ့ကျိုးချန်က ဓာတ်ပုံရိုက်ထားမိတယ်...

Flash End_______

[" အဲ့တော့ ဘာဆက်လုပ်မှာလဲ..."]

ကျိုးချန်ကတော့ တစ်ခုခုကိုရှင်းသင့်ဆယ်လို့ထင်မိတယ်...ဘာလို့လဲဆိုတော့ ပြဿနာဆိုတာ မဖြစ်ခင်ကတည်းက ကြိုရှင်းထားသင့်တယ်လို့ထင်လို့...ရိပေါ်ကတော့ရိုးရိုးလေးပဲတွေးတယ်...သူ‌ရှောင်းကျန့်ကို ယုံကြည်နေတယ်... အဆုံးစွန်အထိယုံကြည်နေတယ်.....

[" ကိုကို့မှာလည်း...ကိစ္စရှိလို့နေမှာပါကွာ...ထားလိုက်တော့...."]

ကျိုးချန်နဲ့ရိပေါ်တို့စကားကောင်းနေတုန်း အပေါ်ပိုင်ဗလာကျင်းနဲ့အောက်ပိုင်းကိုသဘက်တစ်ခုတည်းဝတ်ထားတဲ့ရှောင်ကျန့်က ရေချိုးခန်းထဲကနေ ‌ရေစက်လက်နဲ့ထွက်လာတယ်....ရိပေါ်လည်းဖုန်းပြောနေရင်းဖြတ်ခနဲအရိပ်မြင်လိုက်တော့ ချက်ချင်းစကားစဖြတ်ကာ ခနနော်ကျိုးချန်ဟုပြောကာ ကုတင်ပေါ်ကဆင်းရင်း ဗီရိုမှာချိတ်ထားတဲ့သဘက်ကိုယူကာ ရှောင်ကျန့်ကိုလှမ်းပေးလိုက်တယ်...

" အိုက်ယား .....ကို့ အိမ်ရှင်ထီးလေးကအလိုက်သိတတ်လိုက်တာကွာ..."

ရှောင်ကျန့်ကရွှတ်နောက်နောက်နဲ့စတော့ ရိပေါ်ကနှုတ်ခမ်းလေးကိုဖွဖွကိုက်ကာ မျက်စောင်းလေးတစ်ခုပစ်ကျွေးလိုက်တယ်...ရှောင်ကျန့်ကတော့ ခပ်ဖွဖွရယ်ရင်း ရွှေဝါရောင် ဆံပင်လေးတွေကိုလက်ကလေးနဲ့အသာအယာထိုးဖွလိုက်တယ်

🌼❤️ Once Upon A Time 💚🍀 Where stories live. Discover now