Part 14

339 16 2
                                    


Part 14

ဟိုတယ် အခန်းထဲကနေငိုပြီး ပြေးထွက်လာတဲ့ရိပေါ်နောက်ကို ကျိရန်နဲ့ ကျိုးချန်ကလိုက်လာတယ်...ကားပါကင်မှာပဲ ချုံးပွဲချငိုနေတဲ့ရိပေါ်ကို ကျိရန်နဲ့ ကျိုးချန်ကတော့ အတတ်နိုင်ဆုံးတော့ နှစ်သိမ့်ပေးရှာပါတယ်...

ရိပေါ်ကတော့ ချုံးပွဲချငိုရှိုက်ရင်း ခပ်တိုးတိုးရေရွတ်မိတာက " တောင်းပန်ပါတယ်ကိုကို " တဲ့ ....

" ကျိုးချန် ငါအိမ်ပြန်ချင်တယ် ငါ့ကိုအိမ်ပြန်ပို့ပေးနိုင်မလား..."

ရိပေါ်ရဲ့တိုးလျလျအသံလေးမှာ တောင်းဆိုမှုတွေအပြည့်ပါဝင်နေတယ်...လိုက်ပို့ပေးရမှာပေါ့ ရိပေါ်ဘဝမှာ သူတို့က ဒုတိယမိသားစုဝင်တွေလိုပဲလေ ...ရိပေါ်ခံစားနေရတာကိုသိတာပေါ့ ဒါကြောင့် ရတာပေါ့ကွာ လို့ပြောပြီး ကားသော့ဆွဲကာလိုက်ပို့ပေးမိတယ်

ကျိရန်ကတော့ ဟောက်ရွှမ်းကိုလှမ်းခေါ်ထားတာမို့လို့တစ်ခါတည်းမလိုက်ဘူး အနောက်ကနေပဲလိုက်လာခဲ့မယ်လို့ပြောတယ်...

ကားအရှေ့ခန်းကနေကားမောင်းနေရင်းနဲ့အနောက်ခန်းထဲကိုလည်းလှည့်လှည့်ကြည့်နေတဲ့ ကျိုးချန်ကရိပေါ်ကိုစိတ်မချတာအမှန်ပင်

" အရှေ့ကိုသာတည့်တည့်ကြည့်မောင်းပါ ကျိုးချန်ရာ ..."

" အေးပါကွာ...."

အေးပါကွာ ဆိုပြီးတော့ ငိုသံကြီးတဲ့ပြေ့ာလာတဲ့ကျိုးချန်ကြောင့် ရိပေါ်မှာ ငိုနေရင်းကြားကနေတောင် ရယ်လိုက်မိသေးတယ်...

တကယ်တော့ ရိပေါ်ငိုနေတာက ဟိုတယ်အခန်းထဲက မြင်ကွင်းကြောင့်မဟုတ်ခဲ့ဘူး..သူဟာသူအချစ်ဆံုးလူကိုလှည့်စားခဲ့မိလို့ ငိုမိတာ..နှုတ်ကနေတဖွဖွတိုးလျလျ ထပ်ရေရွတ်မိတာကလည်း " တောင်းပန်ပါတယ် ကိုကို " ပဲ.....ရုတ်တရက်ဘေးကိုလှမ်းကြည့်မိတော့ မြင်လိုက်ရတာက အရှိန်ပြင်းပြင်းနဲ့လာတဲ့ကားတစ်စီး ...

" ကျိုးချန် ကားကို ဘရိတ်အုပ်လိုက်...ဘေးကကားကငါတို့ဆီကိုတည့်တည့်ကြီးလာနေသလိုပဲ အရှေ့ဆက်မရောက်အောင် ဘရိတ်အုပ်လိုက် ..."

" ရိ ..ရိပေါ် ..ကား.ကားကဘရိတ်မမိတော့ဘူး.."

ကျိုးချန်ရဲ့စကားအဆုံးသိလိုက်ရတာက ဒုန်းကနဲမြည်အောင်တိုက်လိုက်တဲ့ကားနဲ့ အဝေးကိုလွင့်ထွက်သွားတဲ့ သူတို့ကား ဆိုတာပါပဲ...

🌼❤️ Once Upon A Time 💚🍀 Where stories live. Discover now