Part 9

166 7 0
                                    

🌼❤️ Once Upon A Time 💚🍀

Part 9

" ကိုကို ၃ လ‌ပြည့်ရင်ပြန်လာခဲ့နော်...ဝမ်လေးတစ်ယောက်တည်းနေရင်းကိုကို့ကို စောင့်နေမယ်နော်..."

မျက်ရည်အဝဲသားလေးနဲ့ပြောနေပုံကိုက တကယ့်ကိုသနားစရာပင်...ကိုကိုလည်းဘယ်ခွဲချင်ပါ့မလဲကွာ..ရင်ခွင်ထဲဆွဲထည့်ပြီးခေါင်းလုံးလေးက်ုတစ်ချက်ဖိနမ်းပေးတော့ ငြိမ်နေရှာတယ်..

" အကို ကျန့် မြန်မြန်ပြန်လာလို့ရရင် မြန်မြန်ပြန်လာနော်...ကျွန်တော်တို့ဝမ်လေးကိုသေချာလေးစောင့်ရှောက်ပေးထားပါ့မယ်..."

ကျိုးချန်ကဘေးကနေ ပြောနေတော့ ရှောင်ကျန့်ကနည်းနည်းတော့ အားနာမိသား...

" အင်းပါကျိုးချန်ရာ ...ငါပြန်လာမှာပါကွာ..ကိစ္စတွေအကုန်ပြီးတာနဲ့ပြန်လာမှာ..ဝမ်လေးကိုတော့ မှဲ့တစ်ပေါက်မစွန်းအောင်တော့ ဂရုစိုက်ပေးထားနော်..အလုပ်တွေလည်းအရမ်းဖိပြီးမခိုင်းနဲ့..ပြီးတော့ ဝမ့်ကိုမင်းအိမ်မှာခေါ်ထားစေချင်တယ်..တစ်ယောက်တည်းဆိုတော့အဆင်မပြေဘူး..အကယ်၍မခေါ်ထားရင်တောင်အနားမှာ bodyguard ပါထားပေးထား..."

ဟောက်ရွှမ်းရော ကျိရန်ကပါ လက်ဖျားခါရတယ့်အထိ...ရှောင်ကျန့်ရဲ့အချစ်ကြီးပုံတွေကိုတော့ ဟောက်ရွှမ်းတို့အတွဲလိုက်မမှိပါ...အပျိုကြီးကတော့ ရှောင်ကျန့်ကို စိတ်ထဲမှာ သူ့အစားငါပဲသွားလိုက်ချင်တယ်လို့တွေးနေမိတယ်..ဟုတ်တယ်လေ ..ဘယ့်နှယ့် ဝမ်ရိပေါ်ကမသိရင် သူ့အတွင်းရေးမှုးမဟုတ်ပဲ သူ့အလုပ်ရှင်သူဌေးလိုလို...မှာနေတာတွေက အလုပ်တစ်လစာတောင်ကျော်နေပြီ... bodyguard ငှားပေးတဲ့ပိုက်ဆံလည်း သူပဲစိုက်ပေးရဦးမယ်...မငှားပေးရင်လည်း သူ့အိမ်ပေါ်ခေါ်တင်ထားရဦးမယ်...မလွယ်ပေဘူး...ဒါကြောင့်အပျိုကြီးလုပ်နေတာ.ဒဲ့ပြောရရင် rs တွေလိုအပူကိုမရှာချင်တာ

" ဟုတ်ပါပြီ...ကိုကို ရထားထွက်တော့မယ်..သွားတော့နော်.."

အင်း ဟုဆိုကာ နှုတ်ခမ်းလေးကိုတစ်ချက်ဖိနမ်းပြီး ကိုကိုသွားပြီ ဆိုကာလက်ပြနှုတ်ဆက်ပြီး ရထားပေါ်သို့တက်သွားလေတယ်...ရထားထွက်သွားတော့မှ ဟောက်ရွှမ်းတို့ ၄ ယောက်လည်း ပြန်သွားကြလေရဲ့...

🌼❤️ Once Upon A Time 💚🍀 Where stories live. Discover now